အခြေခံပညာသင်ရိုးညွှန်းတမ်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အခြေခံပညာသင်ရိုးညွှန်းတမ်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၃ ရက်က နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)၊ အစည်းအဝေးခန်းမမှာ Video Conferencing နဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ကာကွယ်တားဆီးနေရသည့် ကာလတွင် JICA နှင့် ADB တို့၏ အကူအညီဖြင့် သင်ရိုးရေးဆွဲရေး(CDT) အဖွဲ့ဝင်များ၊ ဘာသာရပ် သင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများတို့က သင်ရိုးသစ် ကျောင်းသုံးဖတ်စာအုပ်သစ်များ ဖြစ်သည့် Grade-5, Grade-8, Grade-11 တို့ကို အချိန်မီပြုစု အတည်ပြုနိုင်ရေး ကြိုးစားဆောင်ရွက်နေသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်ရှိကြောင်း၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်နေကြသည့်အတွက်လည်း ကျေးဇူးတင်ရှိကြောင်း၊ Video Conferencing စနစ်နဲ့ ပူးပေါင်းဆောင်ရွက်သည့် အတွက်ဖြစ်စေ၊ ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာလမ်းညွှန်စာအုပ်များ အချိန်မီပြုစု အတည်ပြုရေးအတွက်ဖြစ်စေ အခက်အခဲများရှိပါက ပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။

အစည်းအဝေးတွင် ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဌေးဌေးဝင်းက သင်ရိုးသစ် Grade-5, Grade-8, Grade-11, သိပ္ပံဘာသာရပ်စာအုပ်များ(သင်္ချာ၊ သိပ္ပံ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ၊ အနုပညာ (ပန်းချီ)၊ အနုပညာ (ဂီတ)၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီ၀ဗေဒ) ပြုစုထားရှိမှုအခြေအနေများကို လည်းကောင်း၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်စန္ဒာလွင်က သင်ရိုးသစ် Grade-5, Grade-8, Grade-11, ဝိဇ္ဇာဘာသာရပ်စာအုပ်များ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘောဂဗေဒ) ပြုစုထားရှိမှုအခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««