အခြေခံပညာဆရာ၊ဆရာမများ ရာထူးတိုးခြင်း၊ ပြောင်းရွေ့ခြင်း၊ခန့်ထားခြင်းကို တိုင်းရင်းသားဒေသခံများအားဉီးစားပေးဆောင်ရွက်မည်

အခြေခံပညာဆရာ၊ဆရာမများ ရာထူးတိုးခြင်း၊ ပြောင်းရွေ့ခြင်း၊ခန့်ထားခြင်းကို တိုင်းရင်းသားဒေသခံတွေကို ဉီးစားပေး ဆောင်ရွက်သွားမယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောပါတယ်။

ဇွန် ၁၀ ရက်က နေပြည်တော်၊ ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမမှာ Video Conferencing နဲ့ ကျင်းပတဲ့ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေးမှာပြောကြားခဲ့တာဖြစ်ပါတယ်။ အခြေခံပညာဆရာ၊ဆရာမများ ရာထူးတိုးခြင်း၊ ပြောင်းရွေ့ခြင်း၊ခန့်ထားခြင်းတို့ကို တိုင်းရင်းသားဒေသခံများကို ဉီးစားပေး၍ စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကျောင်းများ ပြန်လည်မဖွင့်လှစ်မီ အချိန်မီပြီးစီးအောင်စီစဉ် ဆောင်ရွက်နေကြောင်းနဲ့ ဆရာ၊ ဆရာမများ တာဝန်ကျရာ နေရာဒေသများသို့ အဆင်ပြေစွာသွားရောက် တာဝန် ထမ်းဆောင်နိုင်ရေးအတွက် လိုအပ်သည်များ ပံ့ပိုးကူညီပေးပါရန် မေတ္တာရပ်ခံလိုကြောင်းပြောကြားခဲ့ပါတယ်။

-ဝေဝေ