အခြေခံပညာကျောင်းအရည်အသွေး အာမခံမှု စံသတ်မှတ်ချက်အညွှန်းဘောင်ကို မိတ်ဆက်

အခြေခံပညာကျောင်းအရည်အသွေး အာမခံမှု စံသတ်မှတ်ချက်အညွှန်းဘောင် မိတ်ဆက်ခြင်းအခမ်းအနားကို အောက်တိုဘာ ၁၅ ရက်က နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမမှာ Video Conferencing နဲ့ ကျင်းပခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာန အနေနဲ့ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) တွင်ဖော်ပြထားသည့် ဦးစားပေးလုပ်ငန်းစဉ်များကို ကြိုးစားအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ဝေးလံဒေသများ၊ တိုင်းရင်းသားဒေသများတွင် သင်ယူမှုအခွင့်အလမ်း ပိုမို ရရှိလာကြောင်း၊ ၂၁ ရာစု ပညာရေးစနစ်နှင့် လိုက်လျောညီထွေရှိသည့် သင်ရိုးညွှန်းတမ်းအသစ်များ၊ ကျောင်းသုံးဖတ်စာအုပ်များ၊ သင်ကြားသင်ယူမှုနည်းလမ်းကောင်းများ နှင့်အတူ၊ ကျောင်းထောက်ပံ့ကြေးများ ပိုမို ထောက်ပံ့ပေးခြင်း စသည်တို့ကြောင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း သင်ယူပြီးမြောက်နှုန်းများ ပိုမို တိုးတက်လာကြောင်း၊ အထူးသဖြင့် မြန်မာ့ပညာရေးအရည်အသွေးမြင့်မားရေး လုပ်ငန်းအစီအစဉ် (Myanmar Education Quality Improvement Plan(My-EQIP) ၏ ခိုင်မာသည့် အထောက်အထားများအရ လိုအပ်ချက်မြင့်မားနေသည့် ဒေသများတွင် ကျောင်းဆောင်၊ ဆရာ ဆရာမများ စသည့် ဖြည့်ဆည်းရမည့် အချက်အလက်များကို ဦးစားပေးအလိုက် အလျင်အမြန် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခုလို အောင်မြင်မှုသည် ဆရာ ဆရာမများ၊ ကျောင်းအုပ်များ၊ ဒေသခံပြည်သူများနှင့် အစဉ်တစိုက် ကူညီဆောင်ရွက်ပေးကြသည့် မိတ်ဖက်နိုင်ငံအဖွဲ့အစည်းများနှင့် ဩစတြေးလျနိုင်ငံတို့၏ ပံ့ပိုးကူညီမှုကြောင့်သာ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။

အခြေခံပညာကျောင်း အရည်အသွေးအာမခံမှု စံသတ်မှတ်ချက်အညွှန်းဘောင် (BE-SQASF) ဟာ (My-EQIP) လုပ်ငန်းစဉ်မှ ပေါ်ထွက်လာတဲ့ ကဏ္ဍတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««