အခြေခံပညာကျောင်းများ ဇူလိုင် ၂၁ ရက်တွင် ဖွင့်မည်

အခြေခံပညာကျောင်းများကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၁ ရက်မှာ ပြန်လည်ဖွင့်လှစ်မယ်လို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။

အခြေခံပညာအထက်တန်းကျောင်းများအားလုံးပြန်လည်ဖွင့်လှစ်ရာမှာ အထက်တန်းအဆင့်ကို ဦးစားပေးဖွင့်လှစ်မှာ ဖြစ်ပြီး ဖွင့်လှစ် ရာမှာလည်း တွေ့ကြုံရမယ့် လိုအပ်ချက်တွေနဲ့ အားနည်းချက်တွေကို ပြင်ဆင်ပြီးမှသာ အလယ်တန်းနဲ့ မူလတန်းများကို တစ်ဆင့်ချင်းစီ ဆက်လက်ဖွင့်လှစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားတဲ့ Covid -19 ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်ရန်နဲ့ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်ရာ ညွှန်ကြားချက်တွေကို ဆက်လက် ထုတ်ပြန်သွားမယ်လို့သိရပါတယ်။

-သန္တာ