အခြေခံပညာကျောင်းဆရာ၊ ဆရာမများ ကျူရှင်သင်ပါက ဥပဒေနှစ်ခုဖြင့်အရေးယူခံရမည်

အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် စာသင်ချိန်ငါးမျိုး သတ်မှတ် ဖွင့်လှစ်မှာဖြစ်ပြီး အစိုးရခန့် အခြေခံပညာဆရာ/ဆရာမတွေအနေနဲ့ ကျူရှင်သင်ကြားပါက ဥပဒေနှစ်ခုဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရသိရပါတယ်။

Covid-19 ရောဂါကာလမှာ အစိုးရခန့်ဆရာ၊ ဆရာမတွေအနေနဲ့ ကျူရှင်စာသင်ဝိုင်းများဖွင့်လှစ်သင်ကြားပါက ဝန်ကြီးဌာနမှ ဥပဒေနှစ်ခုဖြင့် အရေးယူဖွယ်ရှိပြီး အထူးကြပ်မတ်မယ် လို့ သိရပါတယ်။ သတ်မှတ်ချက်နဲ့ မညီတဲ့ စာသင်ဝိုင်း၊ ကျူရှင်များကို အရေးယူသည့်အခါတွင် ဥပဒေ နှစ်ခုဖြစ်တဲ့ သဘာဝဘေးအန္တရာယ် ဆိုင်ရာ ဥပဒေ၊ ရောဂါထိန်းချုပ် ရေးဥပဒေတွေနဲ့ အရေးယူနိုင်တယ်လို့သိရပါတယ်။

ကိုယ်ပိုင်ကျောင်းတွေ၊ ဘော်ဒါဆောင်တွေအနေနဲ့ သီးခြားခွင့်ပြုရန် ပြောဆိုခြင်း မရှိသော်လည်း COVID-19 ကာလအတွင်း ဖွင့်လှစ်မယ့် ကျောင်းတွေအနေနဲ့ ကုလသမဂ္ဂနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက်အတိုင်း ဖွင့်လှစ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

-ဝေဝေ