အခြေခံစာကြည့်တိုက်ပညာကျွမ်းကျင်မှု ရက်တိုသင်တန်း အွန်လိုင်းမှ ဖွင့်လှစ်မည်

သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသား စာကြည့်တိုက်ဦးစီးဌာနကကြီးမှူး၍ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) နှင့် (ရန်ကုန်) တို့ ပူးပေါင်းကာ အခြေခံစာကြည့်တိုက်ပညာကျွမ်းကျင်မှု ရက်တိုသင်တန်းကို ဒီဇင်ဘာ ၁ ရက်မှ ၁၅ ရက်အထိ အွန်လိုင်းမှ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

စာကြည့်တိုက်ပညာရပ်ကို စိတ်ပါဝင်စားပြီး တက်ရောက်လိုတဲ့ သင်တန်းသားတွေအနေနဲ့ အွန်လိုင်း လျှောက်လွှာပုံစံမှာ ဖြည့်သွင်း၍ လည်းကောင်း၊ လျှောက်လွှာဖိုင်ကို download ဆွဲ၍ email သို့ ပေးပို့ပြီး လည်းကောင်း နိုဝင်ဘာ ၂၅ ရက် နောက်ဆုံးထားကာ လျှောက်ထားပေးပို့ရမှာ ဖြစ်ပါတယ်။

သင်တန်းသားဦးရေ (၃၀) သတ်မှတ်ထားပြီး (၃၀) ဦးထက် ကျော်လွန်ပါက ဒုတိယအကြိမ် ဖွင့်လှစ်မယ့် အပတ်စဉ်မှာ တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ တက်ရောက်ခွင့်ရတဲ့ သင်တန်းသားတွေရဲ့ အီးမေးလ်ကို နိုဝင်ဘာ ၂၆ ရက်မှာ သင်တန်းအချိန်ဇယား၊ သင်ကြားပို့ချမယ့် Zoom Application link တွေနဲ့အတူ အကြောင်းကြားပေးပို့မှာ ဖြစ်ပါတယ်။ Zoom Application အသုံးပြုကာ ပို့ချမယ့် အွန်လိုင်းသင်တန်းဖြစ်ပြီး အီးမေးလ်ဖြင့်သာ အကြောင်းကြားစာများ ပေးပို့မှာ ဖြစ်တဲ့အတွက် သင်တန်းသားတွေ အနေနဲ့ အီးမေးလ်အကောင့် ရှိရမှာ ဖြစ်ပါတယ်။

သင်တန်းကိုတက်ရောက်မယ့် သူတွေဟာ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ၊ သင်တန်းကို သတ်မှတ်ချိန်အတွင်းတက်ရောက်နိုင်သူ၊ စာကြည့်တိုက်လုပ်ငန်းကို လက်တွေ့ဆောင်ရွက်နေသူ သို့မဟုတ် စာကြည့်တိုက်လုပ်ငန်းကို စိတ်ပါဝင်စားသူဖြစ်ရမှာ ဖြစ်ပါတယ်။

သင်တန်းချိန် (၇၅%) တက်ရောက်သူတွေကို Certificate on Basic Library Technical Course သင်တန်းဆင်းလက်မှတ် ချီးမြှင့်မှာ ဖြစ်ပါတယ်။ အွန်လိုင်းလျှောက်လွှာပုံစံတွေကို https://forms.gle/uZXVPm74bS81nxA37 (သို့မဟုတ်) ဝင်ခွင့်လျှောက်လွှာပုံစံ download link (Pdf. ဖိုင်)- https://drive.google.com/…/10rEiLxxKwbnQIOxPMx_Jb2otf…/view… နဲ့ ဝင်ခွင့်လျှောက်လွှာပုံစံ download link (Word ဖိုင်)-https://drive.google.com/…/1zUg9tzR1rznaai0MbCvpCfYHW…/view… မှ download ဆွဲကာ training@nlmnpt.gov.mm သို့ ပေးပို့ရမှာဖြစ်ပါတယ်။ သင်တန်းနဲ့ပတ်သက်ပြီး ဖုန်း- ၀၉၄၃၀၆၅၂၆၆၊ ၀၉၄၂၀၇၄၆၈၂၇ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««