အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁) ကို အွန်လိုင်းမှတစ်ဆင့် ဖွင့်လှစ်မည်

သတင်းအချက်အလက်ဆက်သွယ်ရေး နည်းပညာ သင်ကြားလေ့ကျင့်ရေး စင်တာ (ICT Training Center)မှ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဥ် (၁) ကို အွန်လိုင်းမှ ဖွင့်လှစ် သင်ကြားသွားမယ် လို့သိရပါတယ်။

သင်တန်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲဲ့ ဂျပန်နိုင်ငံအခြေစိုက် The Nippon Foundation တို့ ပူးပေါင်း ဖွင့်လှစ်တာ ဖြစ်ပြီး အနိမ့်ဆုံး အခြေခံအင်္ဂလိပ်စာ ရေးတတ် ဖတ်တတ်သူ၊ အခြေခံပညာ အထက်တန်း အထိ သင်ယူပြီးသူတွေ တက်ရောက်နိုင်ပါတယ်။ အသက် ၁၈ နှစ် နဲ့အထက်တွေ တက်ရောက်နိုင်ပြီး သတ်မှတ်ချိန်အတိုင်း မပျက်မကွက် တက်ရောက်နိုင်သူတွေ ဖြစ်ရမှာ ဖြစ်ပါတယ်။ Zoom Application အသုံးပြုကာ သင်ကြားပေးမှာ ဖြစ်ပါတယ်။

လျှောက်လွှာတွေကို ဇွန် ၂၆ ရက်၊ ညနေ ၄ နာရီနောက်ဆုံးထား လျှောက်ထားနိုင်ပြီး ကိုယ်အင်္ဂါ မသန်စွမ်းသူတွေ အနေနဲ့ အခမဲ့ ဖြစ်ကာ သန်စွမ်းသူတွေအနေနဲ့ သင်တန်းကြေး ၃၀၀၀၀ ကျပ်ပေးရမှာ ဖြစ်ပါတယ်။ သင်တန်းကာလ မှာ ၁၀ ပတ် ဖြစ်ပြီး ဇွန် ၃၀ ရက်မှစတင်ကာ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး နံနက် ၉ နာရီမှ ညနေ ၃ နာရီ အထိ တက်ရောက်ရမှာ ဖြစ်ပါတယ်။

အသေးစိတ်ကို အမှတ် ၆၄၊ ကမ္ဘာအေးဘုရားလမ်း နှင့် ပါရမီလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ဖုန်း – ၀၉၉၅၅၃၂၉၂၉၅ နဲ့ [email protected] ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ