အခြားနိုင်ငံက Play Store တွေကို လည်ပတ်ခွင့်ပေးလိုက်တဲ့ Google

ဥရောပစီးပွားရေးဇုန် (EEA) အတွင်းက Google Play သုံးစွဲသူတွေက စမတ်ဖုန်းတွေကတစ်ဆင့် အခြားဥရောပဒေသက content တွေကို ကြည့်ရှုနိုင်ပါတယ်။ Google အနေနဲ့ အခြားဒေသက content ကို download ဒါမှမဟုတ် ဝယ်ယူခွင့်တော့ မပြုသေးဘူးလို့ သိရပါတယ်။

   

သုံးစွဲသူက default မဟုတ်ဘဲ အခြားဒေသက Play Store ကိုစူးစမ်းမယ်ဆိုရင် Play Store ဝက်ဘ်ဆိုက်ဆီ သွားရောက်ရပါမယ်။ သုံးစွဲသူက account ကို sign out လုပ်တာ ဒါမှမဟုတ် incognito mode နဲ့သုံးရပါမယ်။ စာမျက်နှာအောက်ခြေကိုသွားပြီး နိုင်ငံပေါင်း ၃၁ ခုက တစ်ခုကို ရွေးပေးရပါမယ်။

အခုထောက်ပံ့မှုမှာ Google ကအခြားနိုင်ငံ Play Store ကိုကြည့်ခွင့်ပြုပေမယ့် download လုပ်ခွင့်မပေးတာက ထူးဆန်းပါတယ်။ လာမယ့်အနာဂတ်မှာတော့ ကန့်သတ်ချက်တွေ ရှိနိုင်တော့မှာ မဟုတ်ပါဘူး။

-စိုးထက်
Ref: GSMArena