အချိန်အကန့်အသတ်နဲ့ စာအုပ်တွေကို Apple အခမဲ့ပေးဝေ

Apple Books ဟာ အမေရိကန်မှာ နေထိုင်သူတွေအတွက် အချိန်အကန့်အသတ်နဲ့ စာအုပ်တွေ၊ audiobook တွေပေးနေပါတယ်။

Apple ရဲ့ App Store ကိုဖွင့်လိုက်ရင် သတိပေးချက်တစ်ခုကို မြင်တွေ့ရပါမယ်။ အဲဒီသတိပေးချက်မှာ မိသားစုတစ်ခုလုံးအတွက် အခမဲ့စာအုပ်တွေ ရှာဖွေခံစားနိုင်တယ်လို့ ရေးသားထားပါတယ်။

သတိပေးချက်ကို နှိပ်လိုက်ရင် Apple Books Store အတွင်းက Free Books စာမျက်နှာကို ရောက်သွားပါမယ်။ အဲဒီမှာ သုံးစွဲသူတွေက အမျိုးအစားအလိုက် ဝတ္ထုတွေကို ရှာဖွေနိုင်သလို audiobooks တွေကိုလည်း ရှာဖွေတာ ဒါမှမဟုတ် Apple ရဲ့ ‘First in a Series’ ကစာအုပ်သစ်ကို ရွေးတာအပြင် Free tab ကိုစူးစမ်းနိုင်ပါတယ်။

Apple အနေနဲ့ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကာလအတွင်း နေအိမ်တွင်းက ကမ္ဘာတစ်ဝန်းကလူတွေဆီ အခုအစီအစဉ်ကို ပေးဖွယ်ရှိနေပါတယ်။ အခုအစီအစဉ်ကို ဘယ်လောက်ကြာကြာ ပေးထားမလဲဆိုတာ မသိသေးပါဘူး။

စိုးထက်
Ref: MacRumors