
Spotify ဟာ အချိန်နဲ့ တစ်ပြေးညီ သီချင်းစာသားဖော်ပြတဲ့ လုပ်ဆောင်ချက်ကို နိုင်ငံပေါင်း ၂၆ အတွက် ဖြန့်ချိလိုက်ပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ အိန္ဒိယနဲ့ အရှေ့တောင်အာရှနဲ့ လက်တင်အမေရိကနိုင်ငံတွေ ပါဝင်ပေမယ့် အမေရိကန်တော့မပါဝင်ပါဘူး။
သုံးစွဲသူက သီချင်းနားထောင်ရင် “Now Playing” မျက်နှာပြင်မှာ သီချင်းစာသားကို မြင်ရပါမယ်။ အခု feature သစ်ကိုတော့ Musixmatch ကထောက်ပံ့ထားပါတယ်။Spotify က သီချင်းစာသားနဲ့ပတ်သက်ရင် နည်းနည်းရှုပ်ထွေးပါတယ်။ အခုဝန်ဆောင်မှုအတွက် Musixmatch အတွက်လုပ်ကိုင်ခဲ့ဖူးပေမယ့် ၂၀၁၆မှာ လမ်းခွဲခဲ့ဖူးပါတယ်။ အဲဒီနှစ်မှာပဲ Spotify က Genius နဲ့ပူးပေါင်းပြီး “Behind the Lyrics” လုပ်ဆောင်ချက်ကို စတင်ခဲ့ပါတယ်။
Spotify က Apple Music ကိုအမီလိုက်ဖို့ အခု feature သစ်ကို ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။ Apple Music ရဲ့သီချင်းစာသား လုပ်ဆောင်ချက်ကို ၂၀၁၈ ခုနှစ်ကတည်းက Genius ကထောက်ပံ့ထားပါတယ်။
-စိုးထက်
Ref: TheVerge