အချိန်နဲ့တစ်ပြေးညီ ဘာသာပြန်ပေးနိုင်တဲ့ Google ရဲ့ Interpreter လုပ်ဆောင်ချက်ကို မိုဘိုင်းအတွက် ဖြန့်ချိ

Google ဟာ အချိန်နဲ့တစ်ပြေးညီ ဘာသာပြန်ပေးနိုင်တဲ့ Interpreter mode ကို မိုဘိုင်းအတွက် ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပါတယ်။ Google ဟာ ဒီနှစ်အစောပိုင်းမှာ Interpreter mode ကို စမတ်စပီကာတွေနဲ့ display တွေအတွက် ဖြန့်ချိပေးခဲ့ပါတယ်။ အခုဆိုရင် အဲဒီ feature ကို တစ်ကမ္ဘာလုံးက Android နဲ့ iOS အတွက် ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပါတယ်။

Interpreter ကို Assistant နဲ့အသုံးပြုရမှာ ဖြစ်ပါတယ်။ သုံးစွဲသူက “Hey Google” အသံစေခိုင်းချက်ကို အသုံးပြုရပါမယ်။ အဲဒီအခါကျရင် feature ပေါ်လာပြီး အချိန်နဲ့တစ်ပြေးညီ အသံနဲ့တကွ ဘာသာပြန်ပေးမှာ ဖြစ်ပါတယ်။ အခု feature က စကားပြောဆိုမှု အဆက်မပြတ် ပြုလုပ်နိုင်အောင် Gmail အတွက် Smart Reply တချို့ကိုလည်း ထည့်သွင်းပေးထားပါတယ်။

Interpreter mode ထဲမှာ ဘာသာပေါင်း ၄၄ မျိုး ပါဝင်ပြီး စမတ် display တွေနဲ့ စမတ်စပီကာက ဘာသာစကား ၂၉ မျိုးလည်း ပါဝင်လာပါတယ်။ Google Assistant app ထဲမှာ တိုက်ရိုက်ထည့်သွင်းထားတာကြောင့် လိုအပ်တဲ့ ဘာသာပြန် app ကို ထပ်ဆောင်းထည့်သွင်းစရာ မလိုတော့ပါဘူး။

Google ရဲ့ Lens နဲ့ Interpreter mode လိုမျိုး လုပ်ဆောင်ချက်တွေကြောင့် နိုင်ငံရပ်ခြားခရီးသွားလာတဲ့အခါ ပိုမိုလွယ်ကူလာမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: TechCrunch