အချစ်စစ်ရုပ်ရှင်ဇာတ်ကားကို iflix မှာကြည့်ရှုနိုင်

အချစ်စစ်ရုပ်ရှင်ဇာတ်ကားကို iflix မှာ ကြည့်ရှုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

အကယ်ဒမီ နေတိုး၊ ရွှေမှုန်ရတီနဲ့ ဆုမြတ်မြတ်နိုးဦးတို့မှ အဓိကသရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒါ့အပြင် မင်္ဂလာရှိတဲ့ အရပ်ဇာတ်လမ်းတွဲကိုလည်း ရုပ်မြင်သံကြားမှာပြသပြီး ၂၄ နာရီအတွင်း iflix မှာ ဒေါင်းလုပ်လုပ်ပြီးဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ကြည့်ရှုနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ iflix မှာ သီးသန့်ကြည့်နိုင်မယ့် ရုပ်ရှင်ပေါင်းစုံကိုလည်း လစဉ်ငွေပေးဆောင်ပြီး ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ iflix ကို မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်း ၊ ထိုင်း ၊သီရိလင်္ကာ ၊ ပါကစ္စတန် ၊ မြန်မာ ၊ ဗီယက်နမ် ၊မော်လ်ဒိုက်ဗ် ၊ ကူဝိတ် ၊ ဘာရီန်း ၊ ဆော်ဒီအားရေးဗီးယား ၊ ဂျော်ဒန်အီရတ် ၊ လက်ဘနွန် ၊ အီဂျစ် ၊ ဆူဒန် ၊ ကမ္ဘာဒီးယား ၊ နိုင်ဂျီးရီးယား ၊ ကင်ညာ ဂန်နာနဲ့ နီပေါနိုင်ငံတွေမှာ အသုံးပြုနိုင်ပြီလို့ သိရပါတယ်။

-ကောင်းမြတ်ထွန်း