အခ်က္အလက္လံုၿခံဳေရး ဘာေတြလုပ္ျဖစ္သလဲ

[ Zawgyi ]

ေမာင္ၾကင္နာ (စာတည္းမွဴးခ်ဳပ္၊ ပို႔ေဆာင္ဆက္သြယ္ သတင္းဂ်ာနယ္)

Gmail ေရာ Facebook ပါအသံုးမ်ားပါတယ္၊ လုပ္ငန္းသေဘာနဲ႔လည္း တိုက္႐ိုက္ပတ္သက္ေန တာေၾကာင့္ပါ၊ အေကာင့္လံုၿခံဳေရးအတြက္ Passwordကို နည္းပညာဆရာေတြ ၫႊန္တဲ့အတိုင္း စာလံုး၊ အကၡရာ၊ ဂဏန္း နံပါတ္စတာေတြနဲ႔ ေမႊၿပီးသံုးပါတယ္။ ကိုယ္ပိုင္အခ်က္အလက္တို႔၊ ကိုယ္ေရးအခ်က္အလက္တို႔ ဆိုတာေတြက မိမိအသက္တမွ် အေရးႀကီးတာေၾကာင့္ သီးျခားဖိုင္နဲ႔ထားၿပီး စက္ထဲမွာထားတယ္၊ သိပ္အေရးႀကီးတာေတြကေတာ့ EHD နဲ႔ခဲြထုတ္ၿပီး တစ္ျခား EHD ေတြတဲ႔ေရာ မထားဘဲ သီးသန္႔ထားပါတယ္။

ထက္ႏိုင္ေဇာ္ (ေနျပည္ေတာ္ တာဝန္ခံ၊ ဧရာဝတီသတင္းဌာန)

လက္ရွိ အြန္လိုင္းမွာ အမ်ားဆံုး သံုးတာက Facebook ကို သံုးျဖစ္ပါတယ္။ Gmail ကိုက အလုပ္အတြက္ပဲ အမ်ားဆံုး သံုးပါတယ္။ အေကာင့္လံုၿခံဳေရးအတြက္ Password မၾကာခဏ ခ်ိန္းတယ္၊ ကိုယ့္အေကာင့္ကို အၿမဲေစာင့္ၾကည့္တယ္။ လူစိမ္းေတြ လာအပ္သ
လား၊ အဲဒါမ်ိဳးေပါ့။ ကိုယ္ပိုင္အခ်က္အလက္ လံုၿခံဳေရးက ေတာ္ေတာ္အေရးပါပါတယ္၊ ကိုယ့္အေၾကာင္း ခေရေစ့တြင္းက် အကုန္
တင္ထားလို႔ မျဖစ္ဘူး။ ဖုန္းနံပါတ္ အိမ္အမွတ္ေတြပါတင္ထားရင္ မလိုလားအပ္တဲ့ ျပႆနာေတြ ရွိလာႏုိင္တယ္။

ေမာင္ဘသာ (Writer & Director at Fortune Channel)

ဘာမွ သိပ္မသံုးျဖစ္ေတာ့ လံုၿခံဳေရးအတြက္လည္း စိတ္ပူတာမ်ိဳးမရွိဘူး။ Gmail ကလည္း ရံဖန္ရံခါမွ သံုးေတာ့ အဟက္ခံရမွာလည္း စိတ္မပူဘူး။ ကိုယ့္ Password ကို တျခား Device တစ္ခုခုနဲ႔ လာဖြင့္ရင္ ဖုန္းကိုေသာ္လည္းေကာင္း ကုတ္နံပါတ္ေပးမွ ဖြင့္လို႔ရေအာင္ Security လုပ္ထားေတာ့ အကယ္၍ ကိုယ့္ Password ကို သိရင္ေတာင္ သူ႔လက္ထဲမွာ ကိုယ္ဖုန္းက ရွိဦးမွ၊ အလားတူပဲ ကိုယ့္
ဖုန္းက Lock ကို သူက သိဦးမွ ကိုယ့္အေကာင့္ သူသံုးလို႔ရမယ္၊ အဲ့ေတာ့ အေကာင့္ဟက္ခံရမွာတို႔ ဘာတို႔အတြက္ စိတ္ပူတာမ်ိဳး မရွိဘူး၊ အင္တာနက္သံုးတဲ့အခါ ဘာပဲ သံုးသံုး ကိုယ့္ရဲ႕ ကိုယ္ပိုင္အခ်က္အလက္ လံုၿခံဳမႈရွိေရးကေတာ့ ပထမေပါ့။

ျဖဴေဖြးသန္႔ (ဒါ႐ိုက္တာ၊ A.M Star Travel & Tour)

အင္တာနက္သုံးရင္ အမ်ားဆုံး သုံးျဖစ္တာကေတာ့ Facebook ေပါ့၊ ေနာက္တစ္ခုကေတာ့ Gmail နဲ႔ ဝက္ဆုိက္ေတြ ၾကည့္တာ သုံးျဖစ္ပါတယ္။ facebook ကေတာ့ ျမန္မာနိုင္ငံမွာ အသုံးအမ်ားျဖစ္ေတာ့ စီးပြားေရးအရေရာ တျခားလူမူေရး ကိစၥေတြအတြက္ ကိုယ္ပိုင္အေကာင့္ကိုေတာ့ ေသေသခ်ာခ်ာေလး Privacy ခံထားျဖစ္တယ္။ အီးေမးလ္နဲ႔ဆိုလည္း ဖြင့္ထားတဲ့ ေမးလ္ကိုေရာ Recovery ခံထားတဲ့ အီးေမးလ္ကိုေရာ ေသေသခ်ာခ်ာေလး လုပ္ထားျဖစ္ပါတယ္။ ဒါေပမဲ့ အခုေနာက္ပိုင္းမွာကလည္း celebrity အေကာင့္ေတြ ေတာ္ေတာ္မ်ားမ်ားကိုလည္း Hack တာေတြ လုပ္လာၾကေတာ့ တကယ္တမ္း အေကာင့္ဟတ္သြားၿပီဆိုရင္ေတာ့ ကိုယ္ေသခ်ာ
ေလး Security ခံထားရင္ေတာ့ ျပန္ယူလို႔ ရမယ္ ထင္ပါတယ္။ အဲ့ဒီလို ဟတ္သြားတဲ့ အခ်ိန္မ်ိဳးမွာေတာ့ ကိုယ့္ရဲ႕ ကိုယ္ပိုင္အခ်က္ အလက္ေတြ ပါသြားရင္ အေရးႀကီးတယ္။ ေျပာရရင္ ဆိုရွယ္ယ္မီဒီယာမွာလည္း လူတစ္ေယာက္ရဲ႕ ကိုယ္ေရး အခ်က္အလက္ ကိုယ္ပိုင္အခ်က္အလက္ေတြက အရမ္းအေရးပါပါတယ္။ ကိုယ္ရဲ႕အေၾကာင္းေတြ ပ်ံ႕သြားရင္ နာမည္ပ်က္ႏိုင္တဲ့အထိ ျဖစ္ႏိုင္လို႔ မိန္းကေလးပဲ ျဖစ္ျဖစ္ ေယာက်္ာေလးပဲျဖစ္ျဖစ္ ေသခ်ာေလးထိန္းသိမ္း ေစာင့္ေရွာက္သင့္ပါတယ္။

ၿငိမ္းဆုေဝ (ကုမၸဏီဝန္ထမ္း)

Gmail နဲ႔ Facebook ကို အဓိကသံုးပါတယ္။ Password ခံတယ္။ gmail ဆို 2 step verification code ထားပါတယ္ရွင့္၊ Facebook ကိုလည္း security ျမႇင့္ထားပါတယ္၊ လာ add ရင္လည္း ေသခ်ာ စီစစ္ၿပီးမွလက္ခံပါတယ္၊ လံုၿခံဳေရးက အေရးပါတာေပါ့ေနာ္၊ အခုေခတ္က internet ကေန အလြယ္တကူရွာေဖြေန လို႔ရတယ္၊ နည္းပညာမ်ိဳးစံုလည္း ေပၚေပါက္ေနတာဆိုေတာ့ ကိုယ္ပိုင္
အခ်က္အလက္ ေတြလည္း ခိုးယူခံရႏိုင္တယ္။ ျဖစ္ႏိုင္ရင္ေပါ့၊ ကိုယ့္ရဲ႕အေၾကာင္းေတြကို detail ကအစ Facebook ေပၚမတင္ေစခ်င္ဘူး၊ Gmail မွာဆိုလည္း strong security ေပးထားသင့္တယ္လို႔ ထင္ပါတယ္။

ခင္သီတာၿဖိဳး (အဂၤလိပ္စာ ဆရာမ)

လက္ရွိ အြန္လိုင္းမွာ Gmail, Facebook, Instagram, Skype တို႔ကို သံုးျဖစ္ပါတယ္။ အေကာင့္ လုပ္ၿခံဳဖို႔ အတြက္ Security ေတြ Update အၿမဲ လုပ္ျဖစ္တယ္။ အေကာင့္ရဲ႕ setting and privacy ေတြကို အၿမဲ check တယ္။ ကိုယ္ပိုင္ အခ်က္အလက္လုံၿခံဳေရး
က အရမ္းအေရးႀကီးပါတယ္။ ကိုယ္ရဲ႕ Information ေတြကို မေပါက္ၾကားေအာင္ Hacker ေတြ မလုပ္ႏိုင္ေအာင္ security ျမႇင့္သင့္
ပါတယ္။

မောင်ကြင်နာ (စာတည်းမှူးချုပ်၊ ပို့ဆောင်ဆက်သွယ် သတင်းဂျာနယ်)

Gmail ရော Facebook ပါအသုံးများပါတယ်၊ လုပ်ငန်းသဘောနဲ့လည်း တိုက်ရိုက်ပတ်သက်နေ တာကြောင့်ပါ၊ အကောင့်လုံခြုံရေးအတွက် Passwordကို နည်းပညာဆရာတွေ ညွှန်တဲ့အတိုင်း စာလုံး၊ အက္ခရာ၊ ဂဏန်း နံပါတ်စတာတွေနဲ့ မွှေပြီးသုံးပါတယ်။ ကိုယ်ပိုင်အချက်အလက်တို့၊ ကိုယ်ရေးအချက်အလက်တို့ ဆိုတာတွေက မိမိအသက်တမျှ အရေးကြီးတာကြောင့် သီးခြားဖိုင်နဲ့ထားပြီး စက်ထဲမှာထားတယ်၊ သိပ်အရေးကြီးတာတွေကတော့ EHD နဲ့ခွဲထုတ်ပြီး တစ်ခြား EHD တွေတဲ့ရော မထားဘဲ သီးသန့်ထားပါတယ်။

ထက်နိုင်ဇော် (နေပြည်တော် တာဝန်ခံ၊ ဧရာဝတီသတင်းဌာန)

လက်ရှိ အွန်လိုင်းမှာ အများဆုံး သုံးတာက Facebook ကို သုံးဖြစ်ပါတယ်။ Gmail ကိုက အလုပ်အတွက်ပဲ အများဆုံး သုံးပါတယ်။ အကောင့်လုံခြံုရေးအတွက် Password မကြာခဏ ချိန်းတယ်၊ ကိုယ့်အကောင့်ကို အမြဲစောင့်ကြည့်တယ်။ လူစိမ်းတွေ လာအပ်သ
လား၊ အဲဒါမျိုးပေါ့။ ကိုယ်ပိုင်အချက်အလက် လုံခြံုရေးက တော်တော်အရေးပါပါတယ်၊ ကိုယ့်အကြောင်း ခရေစေ့တွင်းကျ အကုန်
တင်ထားလို့ မဖြစ်ဘူး။ ဖုန်းနံပါတ် အိမ်အမှတ်တွေပါတင်ထားရင် မလိုလားအပ်တဲ့ ပြဿနာတွေ ရှိလာနိုင်တယ်။

မောင်ဘသာ (Writer & Director at Fortune Channel)

ဘာမှ သိပ်မသုံးဖြစ်တော့ လုံခြံုရေးအတွက်လည်း စိတ်ပူတာမျိုးမရှိဘူး။ Gmail ကလည်း ရံဖန်ရံခါမှ သုံးတော့ အဟက်ခံရမှာလည်း စိတ်မပူဘူး။ ကိုယ့် Password ကို တခြား Device တစ်ခုခုနဲ့ လာဖွင့်ရင် ဖုန်းကိုသော်လည်းကောင်း ကုတ်နံပါတ်ပေးမှ ဖွင့်လို့ရအောင် Security လုပ်ထားတော့ အကယ်၍ ကိုယ့် Password ကို သိရင်တောင် သူ့လက်ထဲမှာ ကိုယ်ဖုန်းက ရှိဦးမှ၊ အလားတူပဲ ကိုယ့်
ဖုန်းက Lock ကို သူက သိဦးမှ ကိုယ့်အကောင့် သူသုံးလို့ရမယ်၊ အဲ့တော့ အကောင့်ဟက်ခံရမှာတို့ ဘာတို့အတွက် စိတ်ပူတာမျိုး မရှိဘူး၊ အင်တာနက်သုံးတဲ့အခါ ဘာပဲ သုံးသုံး ကိုယ့်ရဲ့ ကိုယ်ပိုင်အချက်အလက် လုံခြံုမှုရှိရေးကတော့ ပထမပေါ့။

ဖြူဖွေးသန့် (ဒါရိုက်တာ၊ A.M Star Travel & Tour)

အင်တာနက်သုံးရင် အများဆုံး သုံးဖြစ်တာကတော့ Facebook ပေါ့၊ နောက်တစ်ခုကတော့ Gmail နဲ့ ဝက်ဆိုက်တွေ ကြည့်တာ သုံးဖြစ်ပါတယ်။ facebook ကတော့ မြန်မာနိုင်ငံမှာ အသုံးအများဖြစ်တော့ စီးပွားရေးအရရော တခြားလူမူရေး ကိစ္စတွေအတွက် ကိုယ်ပိုင်အကောင့်ကိုတော့ သေသေချာချာလေး Privacy ခံထားဖြစ်တယ်။ အီးမေးလ်နဲ့ဆိုလည်း ဖွင့်ထားတဲ့ မေးလ်ကိုရော Recovery ခံထားတဲ့ အီးမေးလ်ကိုရော သေသေချာချာလေး လုပ်ထားဖြစ်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာကလည်း celebrity အကောင့်တွေ တော်တော်များများကိုလည်း Hack တာတွေ လုပ်လာကြတော့ တကယ်တမ်း အကောင့်ဟတ်သွားပြီဆိုရင်တော့ ကိုယ်သေချာ
လေး Security ခံထားရင်တော့ ပြန်ယူလို့ ရမယ် ထင်ပါတယ်။ အဲ့ဒီလို ဟတ်သွားတဲ့ အချိန်မျိုးမှာတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်အချက် အလက်တွေ ပါသွားရင် အရေးကြီးတယ်။ ပြောရရင် ဆိုရှယ်ယ်မီဒီယာမှာလည်း လူတစ်ယောက်ရဲ့ ကိုယ်ရေး အချက်အလက် ကိုယ်ပိုင်အချက်အလက်တွေက အရမ်းအရေးပါပါတယ်။ ကိုယ်ရဲ့အကြောင်းတွေ ပျံ့သွားရင် နာမည်ပျက်နိုင်တဲ့အထိ ဖြစ်နိုင်လို့ မိန်းကလေးပဲ ဖြစ်ဖြစ် ယောကျ်ာလေးပဲဖြစ်ဖြစ် သေချာလေးထိန်းသိမ်း စောင့်ရှောက်သင့်ပါတယ်။

ငြိမ်းဆုဝေ (ကုမ္ပဏီဝန်ထမ်း)

Gmail နဲ့ Facebook ကို အဓိကသုံးပါတယ်။ Password ခံတယ်။ gmail ဆို 2 step verification code ထားပါတယ်ရှင့်၊ Facebook ကိုလည်း security မြှင့်ထားပါတယ်၊ လာ add ရင်လည်း သေချာ စီစစ်ပြီးမှလက်ခံပါတယ်၊ လုံခြံုရေးက အရေးပါတာပေါ့နော်၊ အခုခေတ်က internet ကနေ အလွယ်တကူရှာဖွေနေ လို့ရတယ်၊ နည်းပညာမျိုးစုံလည်း ပေါ်ပေါက်နေတာဆိုတော့ ကိုယ်ပိုင်
အချက်အလက် တွေလည်း ခိုးယူခံရနိုင်တယ်။ ဖြစ်နိုင်ရင်ပေါ့၊ ကိုယ့်ရဲ့အကြောင်းတွေကို detail ကအစ Facebook ပေါ်မတင်စေချင်ဘူး၊ Gmail မှာဆိုလည်း strong security ပေးထားသင့်တယ်လို့ ထင်ပါတယ်။

ခင်သီတာဖြိုး (အင်္ဂလိပ်စာ ဆရာမ)

လက်ရှိ အွန်လိုင်းမှာ Gmail, Facebook, Instagram, Skype တို့ကို သုံးဖြစ်ပါတယ်။ အကောင့် လုပ်ခြံုဖို့ အတွက် Security တွေ Update အမြဲ လုပ်ဖြစ်တယ်။ အကောင့်ရဲ့ setting and privacy တွေကို အမြဲ check တယ်။ ကိုယ်ပိုင် အချက်အလက်လုံခြံုရေး
က အရမ်းအရေးကြီးပါတယ်။ ကိုယ်ရဲ့ Information တွေကို မပေါက်ကြားအောင် Hacker တွေ မလုပ်နိုင်အောင် security မြှင့်သင့်
ပါတယ်။