အခုလအတွင်း S10 နဲ့ Note ‘Lite’ ဖုန်းတွေကို Samsung မိတ်ဆက်နိုင်

Samsung ဟာ S10 Lite (A91) နဲ့ Note 10 Lite (A81) တို့ကို ထုတ်လုပ်ဖွယ်ရှိတယ်လို့ သတင်းပေါက်ကြား ထွက်ပေါ်လာပါတယ်။

သတင်းအချက်အလက်တွေကို ဦးဆုံးဖော်ပြပေးတဲ့ @OnLeaks က 91mobiles ပူးပေါင်းပြီး Galaxy S10 Lite/A91 သရုပ်ဖော်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။ S10 Lite ကိုတော့ FCC မှာစာရင်းသွင်းထားပါတယ်။

Galaxy S10 Lite ကတော့ အသစ်ထွက်ရှိမယ့် S11 နဲ့ဆင်တူပြီး ကျောဘက်မှာ ကင်မရာ ၃ လုံး ဒါမှမဟုတ် ၄ လုံး ပါဝင်လာပါတယ်။ ဖုန်းကင်မရာကို စတုရန်းအကွက်ထဲမှာ ထည့်သွင်းထားပြီး optical zoom အတွက် ပယ်ရီစကုပ်စတိုင် lens ကိုအသုံးပြုထားဖွယ်ရှီပါတယ်။ ဖုန်းရဲ့ရှေ့ဘက်မှာ ကင်မရာ ၁ လုံး ပါဝင်ဖွယ်ရှိပါတယ်။

Galaxy S10 Lite မှာတော့ မျက်နှာပြင် ၆.၇ လက်မ FHD display နဲ့ Snapdragon 855, RAM 8GB, storage 128GB နဲ့ 4,500mAh ဘက်ထရီ ပါဝင်လာဖွယ်ရှိပါတယ်။ ဖုန်းအတွက် 5G ဗားရှင်းကိုလည်း ဖြန့်ချိနိုင်ပါတယ်။ @onLeaks နဲ့ 91Motbiles ရဲ့ Note 10 Lite သရုပ်ဖော်ပုံအရ S10 Lite နဲ့ဆင်တူပြီး S-Pen ပါဝင်လာပါတယ်။ Note 10 Lite မှာ နားကြပ်ပေါက် ပါဝင်လာပါတယ်။

အခုဖုန်းတွေကို ဒီနှစ်ကုန်မှာ မိတ်ဆက်ဖွယ်ရှိတယ်လို့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေပါတယ်။

စိုးထက်
Ref: TheNextWeb