အခုတစ်ပတ် iPhone 12 ပွဲကျင်းပမယ့်ရက်ကို ကြေညာမယ့် Apple

Apple ဟာ အခုတစ်ပတ်အတွင်း iPhone 12 မိတ်ဆက်ပွဲ ပြုလုပ်မယ့် ရက်ကို ကြေညာမယ်လို့ Bloomberg ရဲ့ မာ့ခ်ကာမန်က ပြောခဲ့ပါတယ်။ ပွဲအတွင်း iPhone အသစ်အပြင် Apple Watch ထုတ်ကုန်တွေနဲ့ iOS 14 နဲ့ watchOS 7 ဖြန့်ချိမယ့်ရက်ကိုလည်း ကြေညာဖွယ်ရှိပါတယ်။

Apple အနေနဲ့ အင်္ဂါနေ့ စက်တင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ချက် ထုတ်မယ်လို့ Jon Prosser က သတင်းပေးခဲ့ပါတယ်။

Apple ဟာ ပွဲတစ်ခု မပြုလုပ်ခင် ၂ ပတ်အလိုမှာ ဖိတ်စာတွေ ဝေငှလေ့ရှိပါတယ်။ တကယ်လို့ Apple က iPhone 12 မိတ်ဆက်မယ့်ရက်ကို စက်တင်ဘာ ၈ ရက်မှာ ကြေညာခဲ့ရင် စက်တင်ဘာ ၂၂ ရက်မှာ ပွဲကို ပြုလုပ်ဖွယ်ရှိပါတယ်။

Apple ဟာ ပုံမှန်အတိုင်းမှာ စက်တင်ဘာလမှာ ပွဲလုပ်ပြီး iPhone 12 ကိုမိတ်ဆက်ခဲ့ရင် အောက်တိုဘာလမှာ ရောင်းချမှာ ဖြစ်ပါတယ်။ iPhone 12 နဲ့အတူ Apple Watch အပြင် iPad အသစ်နဲ့ Apple တီဗီ၊ HomePod အသေးစား၊ AirTags နဲ့ နားကြပ်တွေ မိတ်ဆက်မယ်လို့ ကောလာဟလ ထွက်နေပါတယ်။

-စိုးထက်
Ref: 9to5Mac

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««