အခုတစ်ပတ်အတွင်း အကန့်အသတ်မရှိ ကစားနိုင်မယ့် Candy Crush

နာမည်ကျော် Candy Crush ဂိမ်းဖန်တီးတဲ့ King ဟာ ဒီတစ်ပတ်အတွင်း Candy Crush Saga နဲ့ အခြားဂိမ်းတွေမှာ အသက်တွေ အကန့်အသတ်မရှိ ကစားခွင့်ရအောင် ထည့်သွင်းပေးလိုက်ပါတယ်။ Candy Crush Saga ဂိမ်းမှာ ကစားသူက level များစွာ ရှုံးနိမ့်တဲ့အခါ စောင့်ဆိုင်းတာ၊ ငွေပေးချေစရာ မလိုတော့ပါဘူး။

အခုအစီအစဉ်က ဧပြီ ၅ ရက်အထိရှိမှာ ဖြစ်ပါတယ်။ #PlayApartTogehter လို့အမည်ရတဲ့ WHO အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ #PlayApartTogehter အစီအစဉ်ဆိုတာ WHO ကပြုလုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးရှောင်ကြဉ်တာနဲ့ လုံခြုံမှုကို သတိပြုမိအောင် ဆော်ဩမှုပဲဖြစ်ပါတယ်။

အစီအစဉ်ထဲမှာ Candy Crush Saga, Candy Crush Soda Saga, Candy Crush Jelly Saga, Candy Crush Friends Saga, Farm Heroes Saga, Bubble Witch 3 Sagaနဲ့ Pet Rescue Saga အစရှိတဲ့ဂိမ်းတွေ ပါဝင် လာပါတယ်။

စိုးထက်
Ref: TheVerge