
ဒီနေ့ခေတ်မှာ သီချင်းနားထောင်နိုင်မယ့် ဝန်ဆောင်မှုတွေ များစွာ ရှိလာပါပြီ။ ကိုယ်ရွေးချယ်ထားတဲ့ ဝန်ဆောင်မှုနဲ့ ငွေပေးသွင်းမှုအပေါ် မူတည်ပြီး အကောင်းဆုံး music streaming ဝန်ဆောင်မှုတွေ ရှိလာပါပြီ။ ဒါ့အပြင် အခမဲ့ သီချင်းနားထောင်နိုင်တဲ့ ရွေးချယ်မှုလည်း ရှိပါသေးတယ်။ အခမဲ့ သီချင်းနားထောင်နိုင်တဲ့ ဝန်ဆောင်မှုတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
YouTube Music
YouTube Music အခမဲ့ ဗားရှင်းကတော့ အခြားဝန်ဆောင်မှုနဲ့ ကွဲပြားပါတယ်။ Browser နဲ့ app မှာလည်း သီချင်းတွေ နားထောင်နိုင်ပါတယ်။ ဝန်ဆောင်မှုအများစုက အခမဲ့ဆိုရင် playlist ဒါမှမဟုတ် ရေဒီယိုစတိုင် station တွေကို ကန့်သတ်ထားပါတယ်။ သုံးစွဲသူတွေက cloud ကနေ သီချင်းဖိုင် ၁၀၀,၀၀၀ အထိ တင်နိုင်ပါတယ်။ ဒါ့အပြင် ပုံမှန် YouTube platform နဲ့ပေါင်းစပ်ထားတာကြောင့် ဗီဒီယိုတွေ များစွာ ပါဝင်လာပါတယ်။
Spotify
Spotify ကတော့ music streaming လုပ်ငန်းမှာ ဦးဆောင်နေတဲ့ အဓိက ပလေယာပါ။ Spotify နဲ့ ယှဉ်ပြိုင်နိုင်တာဆိုလို့ Apple Music ပဲရှိပါတယ်။ Apple Music မှာ မရှိတဲ့ အခမဲ့အရာက Spotify မှာရှိပါတယ်။ Spotify မှာ ကြော်ငြာတစ်ခုကို နားထောင်ပြီးတာနဲ့ အနှောင့်အယှက် မရှိဘဲ နာရီဝက်လောက် သီချင်းနားထောင်နိုင်ပါတယ်။ Spotify နာမည်ကျော် လုပ်ဆောင်ချက်ကတော့ သီချင်းတွေကို ညွှန်းပေးတာ ဖြစ်ပါတယ်။ အခမဲ့ သုံးစွဲသူတွေလည်း ရရှိတဲ့ လုပ်ဆောင်ချက်ပါ။
Pandora
Pandora ကတော့ music streaming လောကရဲ့ စွန့်ဦးတီထွင်လုပ်ငန်း တစ်ခုပါ။ သုံးစွဲသူတွေ ဘယ်လိုသီချင်းတွေ နှစ်သက်သလဲ ဆိုတာကို ညွှန်းပေးတဲ့ ပထမဆုံး ဝန်ဆောင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ ရေဒီယိုစတိုင်၊ သီချင်းသစ်နဲ့ အဆိုတော်သစ်တွေကို ညွှန်းပေးပါတယ်။
Idagio
Idagio ကတော့ ရှေးဟောင်းဂန္ထဝင်သီချင်းတွေ နားထောင်နိုင်တဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ Idagio က ဂန္ထဝင်သီချင်းတွေအားလုံးကို interface နဲ့အတူ နားထောင်နိုင်အောင် တည်ဆောက်ထားပါတယ်။ Idagio က playlist နဲ့ သီချင်းညွှန်းမှုအားလုံးကို အခမဲ့ သုံးစွဲနိုင်ပါတယ်။
Google Play Music
Google Play Music မှာလည်း အခမဲ့ နားထောင်နိုင်တဲ့ ဝန်ဆောင်မှုကို ပုံစံတစ်မျိုးနဲ့ ခွဲခြားထားပါတယ်။ အခမဲ့ဗားရှင်းမှာတော့ ကိုယ်ပိုင်ဖိုင်တွေ တင်နိုင်ပြီး ဘယ်ထုတ်ကုန်မဆိုကနေ နားထောင်နိုင်ပါတယ်။ ကိုယ်ပိုင် ဂီတစုစည်းမှုကို အလိုရှိသူတွေ အသုံးပြုသင့်တဲ့ app ဖြစ်ပါတယ်။
Amazon Prime Music
ပုံမှန်အတိုင်းဆိုရင် Amazon Prime Music က အခမဲ့ မဟုတ်ပါဘူး။ Amazon Prime ရဲ့ အမေရိကန် account နဲ့ဆို အခမဲ့ အသုံးပြုနိုင်ပါတယ်။
-စိုးထက်
Ref: Consumerreports
»»» အင်တာနက်ဂျာနယ်ကနေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««