အခမဲ့ လေ့လာကြည့်ရှုနိုင်မယ့် သုတေသန ဝက်ဘ်ဆိုက်ပေါ်တယ် MERAL

သုတေသန ဝက်ဘ်ဆိုက်ပေါ်တယ် MERAL ကို https://meral.edu.mm မှာအခမဲ့ လေ့လာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

အရှေ့တောင် အာရှမှာ ပထမဆုံး နိုင်ငံအဆင့် သုတေသန ဝက်ဘ်ဆိုက် ပေါ်တယ် ဖြစ်ပြီး မြန်မာ့ပညာရေး၊ သုတေသနနဲ့ သင်ယူရေး ပေါ်တယ် ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ တက္ကသိုလ် ၁၉ ခုက ပညာရပ် ဆိုင်ရာ သုတေသန စာစောင်တွေ၊ စာအုပ်တွေ၊ စာအုပ်တစ်ချို့က အချို့ အခန်းတွေအပါအဝင် စာအုပ်စာတမ်းပေါင်း ၅၆၀၀ ကျော် ရှိနေပြီ ဖြစ်တယ်လို့သိရပါတယ်။

မန္တလေးနည်းပညာတက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) ၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)၊ ကွန်ပျူတာတက္ကသိုလ် (မန္တလေး)၊ ကွန်ပျူတာတက္ကသိုလ် (ရန်ကုန်)၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (ရန်ကုန်) (UIT), မန္တလေးတက္ကသိုလ်၊ ဆေးတက္ကသိုလ် ၁၊ ရန်ကုန်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်အဝေးသင် တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်တို့မှ သုတေသနစာစောင်တွေကိုဖတ်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

မေလကနေ အောက်တိုဘာလအတွင်း နိုင်ငံပေါင်း ၉၂ နိုင်ငံက လူပေါင်း ၁၄၃၇၂ ဦး ဝင်ရောက် လေ့လာကြည့်ရှုကြတာကို တွေ့ရကြောင်း၊ MERAL ကိုတည်ထောင်ရန် အဆင့်မြင့် ပညာရေးဦးစီးဌာနနဲ့ ပါမောက္ခ ချုပ်များရဲ့ ကော်မတီကို ဒိန်းမတ်သံရုံးက ပံ့ပိုးခဲ့တာဖြစ်ပြီး ပြည်တွင်း သုတေသီတွေအနေနဲ့ အွန်လိုင်းပေါ်က ပညာရပ်ဆိုင်ရာ စာတမ်းစာစောင်တွေကို ပို လက်လှမ်းမီလာစေဖို့နဲ့ ပြည်တွင်း သုတေသီတွေရဲ့ သုတေသန စာစောင်တွေ အွန်လိုင်းပေါ် တင်နိုင်ဖို့ အတွက် ဒိန်းမတ်နိုင်ငံက ကူညီပေးတာ ဖြစ်တယ်လို့သိရပါတယ်။

-သန္တာ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««