အခမဲ့သင်ယူလေ့လာနိုင်သော ပြင်သစ်စာ အွန်လိုင်းသင်ခန်းစာများကို ပြင်သစ်ယဉ်ကျေးမှုဌာနမှ မျှဝေပေး

ပြင်သစ်စာကို အခြေခံအဆင့်၊ အလယ်အဆင့်နဲ့ အဆင့်မြင့်အဆင့်ရှိသူတွေအားလုံးအတွက် ပြင်သစ်စာကို အိမ်မှာနေရင်း ဆက်လက်လေ့လာနိုင်ရန် ပြင်သစ်ယဉ်ကျေးမှုဌာနနဲ့ မန္တလေးပြင်သစ်စင်တာတို့မှ အချက်အလက်တွေကို မျှဝေလိုက်တယ်လို့သိရပါတယ်။

အသက်အရွယ်နဲ့ ကျွမ်းကျင်မှုအသီးသီးအတွက် အခမဲ့ သင်ယူလေ့လာနိုင်တဲ့ ပြင်သစ်စာအွန်လိုင်းသင်ခန်းစာများ ဖြစ်ပါတယ်။ ကလေးငယ်များ သီချင်းဖြင့် သင်ယူခြင်း၊ ပုံပြင်ဖတ်ရှုသင်ယူခြင်း၊ နားထောင်ခြင်းတို့ကို
https://www.pommedapi.com , https://lesloustics.hachettefle.fr, ဆယ်ကျော်သက် လေ့လာသူများအနေနဲ့ https://adomania1.parcoursdigital.frhttps://adomania2.parcoursdigital.fr , လူငယ်လေ့လာသူများအနေနဲ့ ပြင်သစ်ဝေါဟာရများ၊ သဒ္ဒါများနှင့် ပြင်သစ်စာရေးသားမှု၊ ဖတ်ရှုနားလည်မှုဆိုင် ရာ သင်ခန်းစာများ https://www.bonjourdefrance.com , https://www.ortholud.com/index.html (ပြင်သစ် စာကို အင်္ဂလိပ်စာဖြင့် သင်ကြားမှု)၊ https://babadum.com, TV5-Monde မှတစ်ဆင့်လည်း ဉာဏ်စမ်းများ၊ အဖြေများ၊ နေ့စဉ်သုံး ပြင်သစ်စကားပြော၊ သက်ဆိုင်ရာကဏ္ဍများအလိုက် ပြင်သစ်ဘာသာစကား အသုံးချမှုများကို https://apprendre.tv5monde.com/fr/collection-all , နေ့စဉ်သတင်းများ၊ အချက်အလက်များနဲ့ စာမေးပွဲငယ်များအတွက် https://savoirs.rfi.fr/fr/apprendre-enseigner စတဲ့ စာမျက်နှာများမှာ လေ့လာမှုတွေပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

အသေးစိတ်သိရှိလိုပါက 𝗰𝗼𝗻𝘁𝗮𝗰𝘁@𝗶𝗳𝗯𝗶𝗿𝗺𝗮𝗻𝗶𝗲.𝗼𝗿𝗴 အီးမေးလ်နဲ့ ဖုန်း ၀၉- ၄၀၆၅၉၆၆၁၁ နဲ့ ၀၉- ၄၀၆၅၉၆၆၂၂ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ဝေဝေ