
Google ဟာ Chrome Web Store ပေါ်က အခပေး Chrome extension တွေကို ဖျက်သိမ်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။
ဒါကြောင့် extension ရောင်းချနေတဲ့ developer တွေအနေနဲ့ အခြားငွေပေးချေမှုစနစ်ကို ပြောင်းလဲ အသုံးပြုလိုပါတယ်။ Developer တွေကလည်း အခပေး extension တွေ ဆက်လက်မဖန်တီးနိုင်တော့ပါဘူး။ Google ရဲ့ပေါ်လစီကတော့ မတ်လကတည်းက စတင် အသက်ဝင်လာတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သုံးစွဲသူအပေါ် အမြတ်ထုတ်ဖို့ ငွေပေးချေမှုအတုတွေ မြင့်တက်လာတာ Google က သတိပေးပြီးနောက် ဇန်နဝါရီအတွင်း အခပေး extension ဖြန့်ချိမှုကို ယာယီပိတ်လိုက်ပါတယ်။
လာမယ့်အတွင်း Google က အခပေး extension တွေကို ပယ်ဖျက်ဖို့ လုပ်ဆောင်သွားပါမယ်။
-စိုးထက်
Ref: TheVerge
»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««