အခပေး သတင်းတွေကို Google News မှာ အခမဲ့ ဖတ်နိုင်မယ်

Google ဟာ သတင်းဌာနနဲ့ ပူးပေါင်းဖို့ ဒေါ်လာ တစ်ဘီလျံ ရင်းနှီးမြှုပ်နှံတဲ့ အစီအစဉ်အရ News Showcase အတွက် အခပေး ဆောင်းပါးတွေ အတွက် ငွေကြေး စပေးသွားပါမယ်။

Google News မှာပါဝင်လာမယ့် News Showcase ကတော့ အောက်တိုဘာလမှာ စပါလာပါတယ်။ သတင်းဌာနတွေက စီစဉ်ထားတဲ့ သတင်း‌တွေ ဖတ်ရပါမယ်။

News Showcase ကတော့ သတင်းဌာနနဲ့ ပူးပေါင်းထားတဲ့ အခပေး သတင်းဆောင်းပါးတွေကို ဖတ်နိုင်ပါမယ်။ Google က paywall ကာထားတဲ့ ကန့်သတ် သတင်းဆောင်းပါး ဖတ်ရှုမှုအတွက် ပူးပေါင်းသူတွေဆီ ပိုက်ဆံပေးသွားပါမယ်။ အဲဒီဆောင်းပါးကို ဖတ်မယ်ဆိုရင်တော့ သီးခြားသတင်းဝက်ဘ်ဆိုက်မှာ စာရင်းသွင်းရပါမယ်။

Google News မှာတော့ News Showcase က Android မှာ စတင်ပါဝင်လာပြီး iOS မှာလည်း ပါဝင်လာပါတယ်။ မကြာခင်မှာ news.google.com နဲ့ Google Discover မှာလည်း ပါဝင်လာပါမယ်။

စိုးထက်

Ref: TheVerge