အခန်းအလှဆင်ဖို့ အထောက်အကူပေးမယ့် Amazon ရဲ့ AR လုပ်ဆောင်ချက်

Amazon ဟာ အခန်းတွင်း ဘယ်လို ပရိဘောဂတွေ ထည့်သွင်းမလဲဆိုတာ သိရှိနိုင်ဖို့ augmented reality ဈေးဝယ် tool တွေကို ဖြန့်ချိထားပါတယ်။

Amazon ဟာ ၂၀၁၇ လောက်ကတည်းက AR View နဲ့အတူ AR ဈေးဝယ်လုပ်ဆောင်ချက်ကို ထည့်သွင်းထားပါတယ်။ ဈေးဝယ်သူတွေက ဖုန်းကင်မရာကို အသုံးပြုပြီး အိမ်တွင်းမှာ ပရိဘောဂ 3D ပုံရိပ်တွေကို မြင်နိုင်ပါတယ်။ တစ်ကြိမ်မှာ ဝယ်ယူမယ့် ကုန်ပစ္စည်းတစ်ခုကိုပဲ ကြည့်နိုင်ပါတယ်။

အခုဆိုရင် Amazon က AR လုပ်ဆောင်ချက်ကို အခန်းအလှဆင် tool တွေနဲ့ တိုးချဲ့နိုင်ပါတယ်။ ဈေးဝယ်သူတွေက အခန်းတစ်ခုထဲမှာပဲ ပရိဘောဂများစွာကို အိမ်နဲ့ လိုက်ဖက်မှုရှိ၊ မရှိ ကြည့်နိုင်ပါတယ်။ ဒါ့အပြင် မိုဘိုင်း ဒါမှမဟုတ် desktop ပေါ်မှာ ဒီဇိုင်း ၁၀၀ အထိ save လုပ်ထားနိုင်သလို ဆက်လက် တည်းဖြတ်နိုင်ပါသေးတယ်။ ဒါ့အပြင် Amazon က ဒီဇိုင်းတစ်ခုအတွင်း ပရိဘောဂအမျိုးမျိုး ပေါင်းစပ်ဖို့ ညွှန်းပေးပါဦးမယ်။

စိုးထက်
Ref: TheVerge

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««