အကြီးမားဆုံး Dark web ဖမ်းဆီးမှု

အကြီးမားဆုံး dark web ဖမ်းဆီးမှုအတွင်း ကမ္ဘာတစ်ဝန်းက အွန်လိုင်း ဆေးရောင်းသူ ၁၇၉ ဦးဆီက မူးယစ်ဆေးဝါး ပေါင် ၁,၁၀၀ကျော် ဖမ်းဆီးရရှိခဲ့ပါတယ်။

အမေရိကန်က အခု စုံစမ်းစစ်ဆေးမှုကို ဥရောပရဲနဲ့အတူ လက်တွဲလုပ်ကိုင်ခဲ့ပြီး virtual နဲ့ငွေသား ဒေါ်လာ ၆.၅ သန်းကျော် ဖမ်းဆီးရရှိခဲ့ပါတယ်။ Dark web ကိုဝင်ရောက်ကြည့်နိုင်တဲ့ Tor browser ကိုအစွဲပြုပြီး Operation DisrupTor စီမံကိန်းမှာ အမေရိကန်ဥပဒေထိန်းသိမ်းရေး၊ ယူရိုပိုနဲ့ ဂျာမနီရဲတွေ ဦးဆောင်ခဲ့ပါတယ်။

အမေရိကန်အတွင်း ၁၂၁ မှုနဲ့ ဖမ်းဆီးမှုများစွာ ပြုလုပ်ထားကာ ဂျာမနီမှာ ၄၂ မှု၊ နယ်သာလန်မှာ အမှု ၈ ခု၊ ယူကေမှာ အမှု ၄ ခု၊ ဩစတြီးယားမှာ အမှု ၃ ခု၊ ဆွီဒင်မှာ အမှု ၃ ခုနဲ့ ဖမ်းဆီးခဲ့ပါတယ်။

စုံစမ်းစစ်ဆေးသူတွေက dark web account နောက်ကွယ်က လူတွေကို ဆက်လက်ဖော်ထုတ် ဖမ်းဆီးနေတယ်လို့ ပြောထားပါတယ်။

Dark web ဟာ အင်တာနက်ရဲ့ ဖွက်ထားတဲ့ အပိုင်းဖြစ်ပြီး အွန်လိုင်းရှာဖွေမှုမှ တစ်ဆင့် အလွယ်တကူ မသုံးနိုင်ပါဘူ။ အဲဒီ dark web ထဲမှာ မူးယစ်ဆေးဝါး၊ ခိုးယူထားတဲ့အချက်အလက်နဲ့ လက်နက်တွေ စတဲ့ တရားမဝင်ကုန်ပစ္စည်းတွေ ရောင်းချကြပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««