အကြမ်းဖက် “boogaloo” လှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့ ကွန်ရက်ကို Facebook ဖယ်ရှား

Facebook ဟာ boogaloo အဖွဲ့ကို အန္တရာယ်ရှိအဖြစ် သတ်မှတ်ပြီးနောက် လှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့ အစိုးရဆန့်ကျင် account ကွန်ရက်ကို ဖယ်ရှားလိုက်ပါတယ်။ အဲဒီကွန်ရက်က ပိုမိုကျယ်ပြန့်လှုပ်ရှားမှုထဲက အစိတ်အပိုင်းတစ်ခုကို ကိုယ်စားပြုပြီး အကြမ်းဖက်ဖို့ စီစဉ်နေတယ်လို့ Facebook ကပြောခဲ့ပါတယ်။

Facebook အနေနဲ့ boogaloo လှုပ်ရှားမှုနဲ့ဆက်စပ်တဲ့ Facebook account ၂၂၀ ခု၊ Instagram account ၉၅ ခု၊ Facebook စာမျက်နှာ ၂၈ခုနဲ့ Facebook group ၁ဝ၆ ခုကို ပိတ်လိုက်ပါတယ်။ဒါ့အပြင် Facebook က အလားတူ content တွေကို ပြင်ပ account တွေက ထိန်းသိမ်းနေတဲ့ group ၄၀၀နဲ့ စာမျက်နှာ ၁၀၀ကျော်ကိုလည်း ပိတ်လိုက်ပါတယ်။

Boogaloo လှုပ်ရှားမှုဟာ အကြမ်းဖက်မှုများစွာနဲ့ ဆက်စပ်ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အတွင်း စိစစ်မှုတွေ ပြုလုပ်လာပါတယ်။ ဒီလအစောပိုင်းမှာ လေတပ် တပ်ကြပ်ဝန်ထမ်းတစ်ဦးက ဖက်ဒရယ်ကာကွယ်ရေးဝန်ဆောင်မှု အရာရှိနဲ့ ဆန်တာခရုဇ် ‌စီရင်ရဲအရာရှိတို့ကို သတ်မှုနဲ့ စွဲချက်တင်ထားပါတယ်။ အဲဒီအမှုက သံသယရှိသူရဲ့ ဗန်ကားထဲမှာ boogalo လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အရာတစ်ချို့တွေ့ရတယ်လို့ အာဏာပိုင်တွေက ပြောထားပါတယ်။

-စိုးထက်
Ref: TheVerge