
iOS 14 ထွက်ရှိလာတဲ့ app developer အများစုက widget တွေစတင်ဖန်တီးခဲ့ကြပါတယ်။ iOS 14 ထဲမှာ widget တွေပါဝင်လာတာက အကြီးမားဆုံး feature ဖြစ်ပြီး ဖုန်း screen ရဲ့နေရာတိုင်းမှာ ထည့်သွင်းနိုင်ပါတယ်။
iOS 14 အတွက် အကောင်းဆုံးလို့ ဆိုနိုင်တဲ့ widget app တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
Weather Line
Weather Line ကတော့ အမြင်ပိုင်းဆိုင်ရာနဲ့ နောက်ခံအခြေအနေကိုပါ ဖော်ပြပေးမယ့် weather app ဖြစ်ပါတယ်။ ခန့်မှန်းချက်တွေကိုလည်း ရက်အလိုက်၊ နာရီအလိုက် ဖော်ပြပေးပါတယ်။
Weather Line ကို အခမဲ့ စတင်အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ အခြား app တွေလိုပဲ feature တွေများစွာ ရရှိဖို့ in-app purchase ပါဝင်ပါတယ်။
IMDb
IMDb app ကတော့ ဘာရုပ်ရှင်တွေ ကြည့်ရမလဲဆိုတာကို အထောက်အပံ့ပေးမယ့် app ဖြစ်ပါတယ်။ App ရဲ့ widget အသစ်ကလည်း အလွန်အသုံးဝင်ပါတယ်။
Copilot
Copilot ကလည်း home screen ပေါ်မှာ သိချင်တဲ့ အချက်အလက်ကို အလျင်အမြန် သိနိုင်အောင် ကြည့်နိုင်ပါတယ်။ ငွေကြေးဆိုင်ရာ အချက်အလက်တွေကို အလွယ်တကူ ကြည့်နိုင်ပါတယ်။
Merriam-Webster Word of the Day
Merriam-Webster Dictionary app မှာ Word of the Day widget ပါဝင်ပါတယ်။ စာဖတ်သူတွေက home screen မှာ swipe လုပ်ပြီး စကားလုံးအဓိပ္ပာယ်ကို လိုသလို ကြည့်နိုင်ပါတယ်။
Hotwire
Hotwire app ကတော့ ဟိုတယ်ဘွတ်ကင် လုပ်တဲ့ app ဖြစ်ပါတယ်။ အခုကာလကတော့ ကပ်ရောဂါကြောင့် ခရီးသွားလာလို့ အဆင်မပြေပါဘူး။ ဒါပေမဲ့လည်း နောက်ပိုင်း ဟိုတယ်နဲ့ လေကြောင်းခရီးစဉ်ကို အလွယ်တကူ ကြည့်နိုင်မယ့် widget ထည့်သွင်းထားပါတယ်။
Pennant
Pennant ကတော့ အားကစားအမျိုးမျိုးနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ ကြည့်နိုင်ပါတယ်။ ဘေ့စ်ဘော၊ ဘောလုံး၊ ဟောကီ စတဲ့ လိဂ်အသီးသီး အသင်းတွေရဲ့ ရပ်တည်ချက်ကို ကြည့်နိုင်ပါတယ်။ iOS 14 အတွက် အသုံးကျအောင်လည်း widget ကိုလည်း ထည့်လုပ်ထားပါတယ်။ Pennant widget ကတော့ တစ်နှစ်ကို ၉.၉၉ ဒေါ်လာ ကျသင့်ပါမယ်။
Fantastical
Fantastical ကတော့ iOS ပေါ်က အကောင်းဆုံး calendar app တွေထဲက တစ်ခုဖြစ်ပါတယ်။ Fantastical ဟာ iOS 14 အတွက် widget ၁၁ ခု ထုတ်လုပ်ထားပါတယ်။ လက်ရှိရက်စွဲ၊ event ဒါမှဟုတ် လအလိုက် အချိန်စာရင်း စတာတွေအတွက် widget ပါဝင်လာပါတယ်။
Noted
Noted ကတော့ iPhone, Mac နဲ့ Apple Watch မှာအသုံးပြုနိုင်တဲ့ မှတ်စု app ဖြစ်ပါတယ်။ iOS 14 ပေါ်ရှိ home screen ပေါ်က widget ကတော့ မှတ်စုတွေကို တိုက်ရိုက် ရေးသား မှတ်တမ်းတင်နိုင်ပါတယ်။
-စိုးထက်
Ref: TomesGuide
»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««