အကောင်းဆုံး ဓာတ်ပြားဖွင့်စက် (၇) ခု

အခုစာရင်းမှာ ဖော်ပြထားတဲ့ ဓာတ်ပြားဖွင့်စက်တွေကို ဒီဂျေတွေ၊ အသံသွင်း ဓာတ်ပြားစတိုး ပိုင်ဆိုင်တွေနဲ့ ဓာတ်ပြားစုဆောင်းရသူ အပါအဝင် ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးပြီး The Strategist က ရွေးချယ်ထားတာ ဖြစ်ပါတယ်။

အကောင်းဆုံး ဓာတ်ပြားဖွင့်စက်
(၁) Audio-Technica AT-LP 120X
Audio-Technica AT-LP 120X ထုတ်ကုန်ရဲ့ အဓိက feature ကတော့ သံလိုက်နဲ့ထောက်ပံ့ထားတဲ့ direct drive ပါဝင်လာပါတယ်။ အဲဒီ direct drive ကို ပရော်ဖက်ရှင်နယ် ဓာတ်ပြားဖွင့်စက်တွေမှာ တွေ့ရတတ်ပါတယ်။ အခု feature ကတော့ မော်တာနဲ့ထောက်ပံ့ထားတဲ့ အစားထိုးနိုင်တဲ့ စက်ခါးပတ်ကြိုး belt drive နဲ့မတူပါဘူး။ Direct drive ကိုထိန်းသိမ်းမှု ပြုလုပ်ရခဲပါတယ်။ Direct drive နဲ့ ဓာတ်ပြားအရွယ် အမျိုးမျိုးကို ဖွင့်နိုင်ပါတယ်။
Audio-Technica ဟာ ဓာတ်ပြားလောကမှာ ကျော်ကြားပြီး ဂုဏ်သတင်းကြီးပါတယ်။ အခုထုတ်ကုန်မှာ preamp ထည့်သွင်းထားတဲ့အတွက် စပီကာတွေကို ထောက်ပံ့ပေးနိုင်ပြီး ဓာတ်ပြားကို မော်ကွန်းထိန်းသိမ်းလိုတဲ့အခါ ကွန်ပျူတာနဲ့ချိတ်ဆက်ဖို့ USB output ပါဝင်လာပါတယ်။


ဈေးနှုန်းသိပ်မများတဲ့ ဓာတ်ပြားဖွင့်စက်

(၂) Audio-Technica AT-LP60X

အခုဓာတ်ပြားဖွင့်စက်ကတော့ ဈေးနှုန်းသက်သာပြီး belt drive ပါဝင်တဲ့ Audio Technica မော်ဒယ်ဖြစ်ပါတယ်။ ၉၉ ဒေါ်လာတန်ဖိုးရှိတဲ့ အခုမော်ဒယ်မှာလည်း preamp ပါဝင်လာပြီး USB ပါဝင်တဲ့ ထုတ်ကုန် ဒါမှမဟုတ် Bluetooth လုပ်ဆောင်ချက်ပါဝင်တဲ့ မော်ဒယ်ကိုလည်း ဝယ်ယူနိုင်ပါတယ်။

(၃) Sony PS-LX300USB

Sony ရဲ့ belt drive ထောက်ပံ့ထားတဲ့ ဓာတ်ပြားဖွင့်စက်ဟာ LP60 လိုမျိုးပဲ Bluetooth မော်ဒယ် ထုတ်လုပ်ထားပါတယ်။ ပုံမှန်မော်ဒယ်ထက် ဈေးနှုန်းမြင့်မားပါတယ်။ Sony PS-LX300USB ဟာ အသံထွက်ပိုင်းကောင်းမွန်ပြီး အသုံးပြုရ ရိုးရှင်းပါတယ်။ LP 60 လိုမျိုး automatic ဖြစ်ကာ USB လည်း ပါဝင်လာပါတယ်။

ဒီဇိုင်းပိုင်းကောင်းမွန်တဲ့ ဓာတ်ပြားဖွင့်စက်

(၄) Music Hall MMF-1.3 Stereo Turntable

Music Hall MMF-1.3 ကတော့ ရိုးရှင်းပြီး သေသပ်တဲ့ ဓာတ်ပြားဖွင့်စက် ရှာဖွေသူတွေနဲ့ ကိုက်ညီပါတယ်။ အခုဓာတ်ပြားဖွင့်စက်မှာ belt drive ပါဝင်ပြီး preamp ထည့်သွင်းထားကာ 78s အရွယ်ဓာတ်ပြားတွေ ဖွင့်နိုင်ပါတယ်။ စက်ခါးပတ်ကြိုးပါဝင်တဲ့ ဓာတ်ပြားစက်အများစုက 33s နဲ့ 45s အရွယ်ဓာတ်ပြားတွေကိုပဲ ဖွင့်နိုင်ပါတယ်။

(၅) Audio-Technica AT-LP3

Audio-Technica ရဲ့ LP 60 ဒါမှမဟုတ် LP 120 ဗားရှင်းတွေလိုမျိုး AT-LP3 ကလည်း စတိုင်ကျပါတယ်။ အခုထုတ်ကုန်မှာ ကာဗာလည်းပါဝင်ပြီး preamp ထည့်သွင်းထားပါတယ်။ ဒါပေမဲ့ USB ဒါမှမဟုတ် Bluetooth ချိတ်ဆက်မှုတော့ မပါဝင်ပါဘူး။

Preamp မပါဝင်တဲ့ အကောင်းဆုံး ဓာတ်ပြားဖွင့်စက်

(၆) Pro-Ject Audio Systems Essential III Turntable

Pro-Ject ဓာတ်ပြားဖွင့်စက်တွေက ရိုးရှင်းကျစ်လျစ်ပြီး သွက်လက်ကာ Ortofon ကပြုလုပ်ထားတဲ့ ဓာတ်ပြားစက်အပ်လိုမျိုး အရည်အသွေးမြင့်ပစ္စည်းတွေ ပါဝင်လာပါတယ်။ Ortofon ကတော့ အသံပိုင်းဆိုင်ရာ ပစ္စည်းငယ်တွေကို ကာလရှည်ကြာ ထုတ်လုပ်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အခုဓာတ်ပြားစက်မှာ preamp မပါဝင်တဲ့ စက်နဲ့ ချိတ်ဆက်တဲ့ အသံပိုင်းဆိုင်ရာစနစ်အတွက် ပြောင်းလွယ်၊ ပြင်လွယ် ပြုလုပ်လို့ မရတော့ပါဘူး။ USB ဒါမှမဟုတ် Bluetooth မပါဝင်ပေမယ့် ဓာတ်ပြားနားထောင်သူတွေအတွက် သဘောကျနှစ်သက်စေမှာပါ။

ရင်းနှီးမြှုပ်နှံသင့်တဲ့ အကောင်းဆုံး ဓာတ်ပြားဖွင့်စက်

(၇) Technics SL-1200MK7 Direct Drive Turntable System

Technics 1200 ဓာတ်ပြားဖွင့်စက်ကို ဆက်လက်မထုတ်လုပ်တော့ပေမယ့် ဓာတ်ပြားလောကရဲ့ အိုင်ကွန်တစ်ခုဖြစ်ခဲ့ပါတယ်။ Technics 1200 ဟာ ၁၉၇၀ ခုနှစ်တစ်ဝိုက်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ဓာတ်ပြားစက်တွေရဲ့ စံချိန်စံညွှန်းတစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းထုတ်လုပ်တဲ့ Technics 1200 တွေကတော့ အပြောင်းအလဲများစွာ မပြုလုပ်ထားဘဲ အစိတ်အပိုင်းတစ်ချို့ကို အဆင့်မြှင့်တင်ထားပါတယ်။ ဈေးနှုန်းလည်း မြင့်မားပေမယ့် preamp တော့ပါဝင်မှာ မဟုတ်ပါဘူး။

စိုးထက်
Ref: TheVerge