
သင်တို့ စမတ်ဖုန်းတွေမှာ ပါလာတဲ့ ကင်မရာက App တွေက ကောင်းမွန်တယ်ဆိုပေမယ့်လည်း ပိုကောင်းသထက်ကောင်းလာအောင် ကင်မရာရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ 3rd Party app တွေလည်း ရှိလာပါတယ်။ အဲဒီ 3rd Party app အနေနဲ့ မြောက်များစွာရှိနေပြီး မိုဘိုင်းဖုန်းဓာတ်ပုံဝါသနာရှင်များအတွက် အကောင်းဆုံးဖြစ်မယ့် Android OS သုံး Camera App ၁၀ ခုအကြောင်းကို ဖော်ပြလိုက်ရပါတယ်။
Google Camera Port
Google Pixel ဟန်းဆက်တွေမှာ ထည့်သွင်း အသုံးပြုလို့ အကောင်းဆုံးဆိုထားပြီး နိုင်ငံတကာမှာ လူအကြိုက်များဆုံး App လည်း ဖြစ်ပါတယ်။ Google ရဲ့ ကင်မရာ Software ဖြစ်ပြီး အသုံးပြုသူတွေရဲ့ စမတ်ဖုန်းက ကင်မရာစွမ်းဆောင်ရည်တွေနဲ့ လုပ်ဆောင်မှုအသစ်တွေကို မြှင့်တင်ပေးနိုင်စွမ်းရှိသလို စမတ်ဖုန်း တော်တော်များများမှာ ထည့်သွင်းနိုင်ပါတယ်။ အချို့သော အရမ်းနိမ့်တဲ့ စမတ်ဖုန်းတွေအတွက်တော့ သုံးရတာအဆင်မပြေနိုင်ပါဘူး။
A Better Camera
ဒီကင်မရာ App ကတော့ သုံးရတာအရမ်းကို လွယ်ကူတဲ့ အနေအထားပါ။ Mode တွေ စုံလင်အောင် ဖွဲ့စည်းထားသလို Panprama ရိုက်ချက်တွေ Expo Bracketing တွေ Smart Multi shot စတဲ့ စွမ်းဆောင်ချက်ပါ၀င်သလိုရိုက်ကူးနေစဉ် မလိုတာတွေ တစ်ပါတည်း ဖယ်ရှားပေးနိုင်တဲ့ object Removal စတာတွေလည်း ပါဝင်ပါတယ်။ အသုံးပြုပုံကလည်း တစ်ခါလောက်ဖွင့်ကြည့်ရင်ကို လွယ်ကူတဲ့ အနေအထားမှာ ရှိနေပြန်ပါတယ်။
Camera FV-5
ကင်မရာရဲ့ ထိန်းကျောင်းမှု အားလုံးဖြစ်တဲ့ Speed , Aperture, ISO, White Balance အားလုံးကို Manual ထိန်းကျောင်းနိုင်တဲ့ ကင်မရာ App ဖြစ်ပါတယ်။ RAW, lossless PNG, RGB histogram စတာတွေကိုပါ ထောက်ပံ့ပေးထားတာပါ။ အသုံးပြုရလွယ်ကူပါတယ်။ အခမဲ့ ပေးသုံးထားခြင်းရော အခနဲ့ပေးသုံးရတာရော ရှိပါတယ်။
Camera MX
အခမဲ့ App ဖြစ်ပါတယ်။ တော်တော်လေးလဲ အသုံးဝင်ပါတယ်။ interface အနေနဲ့ တော်တော်ရိုးရှင်းပြီး အသုံးပြုရတာလဲ လွယ်ကူပါတယ်။ ကင်မရာ Feature နည်းပါးတယ်ဆိုပေမယ့် ရိုက်ပြီးသားပုံတွေကို GIF File အဖြစ်အသွင်ပြောင်းနိုင်ပါတယ်။ နောက်ထပ်တစ်ခု ထူးခြားတာက built-in Photo Edit တစ်ပါတည်း ပါဝင်ထောက်ပံ့တာ ဖြစ်တဲ့အတွက် App နဲ့ ရိုက်ပြီးသားပုံကို တစ်ခါတည်းပဲ App မှာပဲ တည်းဖြတ်နိုင်တာပါ။ အခြား Photo Edit App အသုံးပြုစရာတောင် မလိုပါဘူး။
DSLR Camera Pro
အခပေး App ဖြစ်ပါတယ်။ Speed , Aperture, ISO, White Balance, Metering, RGB histogram စတဲ့ လုပ်ဆောင်မှုအပြည့်အဝ ပေးထားပါတယ်။ အံ့သြစရာကောင်းတဲ့ စွမ်းဆောင်မှုက ရှပ်တာနှိပ် ပုံရိုက်တဲ့အခါမှာ လွတ် ထွက်သွားမှုမရှိအောင် two – stage shutter စနစ်ထောက်ပံ့ပေး ထားတာပါ။ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ သာလွန်ချက်တွေ ရှိပါတယ်။
Footej Camera
အခမဲ့ App ဖြစ်ပါတယ်။ Camera2 API ရဲ့ အားသာချက်တွေကို ရယူပြီး ထပ်မံရေးသားထားတဲ့ App ဖြစ်ပါတယ်။ ISO, White Balance စတဲ့ ထိန်းကျောင်းမှုတွေကို Manual လုပ်ဆောင်နိုင်မှာပါ။ GIF နဲ့ ပျော်ရွှင်စရာဖိုင်တွေလည်းဖန်တီးနိုင်မှာဖြစ်သလို RAW RGB နဲ့ histograms ပါ၀င်တဲ့အတွက် hardcore photo editors တွေအတွက် ပိုပြီးအဆင်ပြေစေမှာ ဖြစ်ပါတယ်။
Manual Camera
အခပေး App ဖြစ်ပါတယ်။ Focus, Shutter speed, Aperture, ISO, White Balance, Metering စတာတွေကို Manual အသုံးပြုနိုင်မှာပါ။ အမှန်တကယ် ဆိုတဲ့ ကင်မရာတွေကိုင်ရတဲ့ ရသကို ပေးနိုင်စွမ်းရှိပြီး interface ဖွဲ့စည်းမှုကလည်း အလွယ်တကူ ဖြစ်စေနိုင်ပါတယ်။ နောက်ထပ် ထူးခြားတာက RAW File အနေနဲ့လည်း ရိုက်ကူးနိုင်တာပါ။
Open Camera
အခမဲ့ App ဖြစ်ပါတယ်။ Shutter speed, Aperture, ISO, White Balance, Metering စတာတွေကို Manual အသုံးပြုနိုင်တဲ့အပြင် ပုံရိပ်တွေငြိမ်အောင် ထိမ်းညှိပေးတဲ့ အလိုအလျောက် Stabilizer စနစ်ပါ ထောက်ပံ့ပေးထား ပါတယ်။ စမတ်ဖုန်း မျက်နှာပြင်ကို Shutter မနှိပ်ဘဲ Volume Key ကနေ ဓာတ်ပုံရိုက်နိုင်အောင်လည်း ပြောင်းနိုင်ပါသေးတယ်။
Pro Shot
Window OS သုံး စမတ်ဖုန်းမှာ အသုံးပြုခွင့်ပေးထားရာက Android OS သုံး စမတ်ဖုန်းအတွက် ပါလာတဲ့ App ဖြစ်ပါတယ်။ အခမဲ့ App တော့မဟုတ်ပါဘူး။ Manual လုပ်ဆောင်ချက် အားလုံး ပါဝင်တဲ့အပြင် aspect ratios အပြောင်းအလဲများ compression အနေအထားတွေ၊ ဒီဂရီ အတိမ်းစောင်းတွေကအစ လိုသလို ဆောင်ရွက်နိုင်ပါတယ်။ Time-lapse videos ရိုက်ကူးမှု ၊ Action Mode ရိုက်ကူးမှု ၊ group ဓာတ်ပုံရိုက်ကူးမှုတို့အတွက် အကောင်းဆုံးရလာဘ်တွေ ပေးနိုင်စွမ်းရှိပါတယ်။
Snap Camera HDR
အခပေး App ဖြစ်ပါတယ်။ S nap Camera HDR အနေနဲ့ HDR ပုံတွေနဲ့ ပျော်ရွှင်ဖွယ်အပျော်တမ်း သက်ရောက်မှုများကို ပေါင်းစပ်ထားတဲ့ App ဖြစ်ပါတယ်။ ISO, Exposure, White Balance, HDR အတွက် Manual Control များရှိပြီး RAW File အမျိုးအစားအနေနဲ့ပါ ရိုက်နိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံ Frame, Effect, live filters များစွာလဲ ထောက်ပံ့ပေးထားပြီး အမိုက်စားပုံတွေ ရိုက်ကူးနိုင်မယ့် App ဖြစ်ပါတယ်။
-ကျော်ဇေယျ
Ref: https://www.xda-developers.com/best-android-camera-app
»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««