
Apple ဟာ iPhone အသစ်တိုင်းမှာ adapter နဲ့ USB အားသွင်းကြိုးအပြင် EarPod နားကြပ်တို့ ထည့်သွင်းပေးပါတယ်။ အခုသတင်းတွေ ထွက်ပေါ်နေတဲ့ iPhone 12 ထွက်လာရင်တော့ power adapter ဒါမှမဟုတ် နားကြပ် တစ်ခုခု မပါတော့ဘူးလို့ သတင်းထွက်နေပါတယ်။ Apple က အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းကို လျှော့ချဖို့ သဘာဝပတ်ဝန်းကျင်နဲ့လည်း ကိုက်ညီတဲ့ ထုတ်ကုန်ကို ဖန်တီးချင်နေပါတယ်။ iPhone အသစ်အတွက် 5G နည်းပညာ ထည့်သွင်းဖို့ စရိတ်ကာမိအောင် တစ်ခုခုကို ဖယ်ရှားနိုင်ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေက iPhone 12 မထွက်ရှိခင် ကြိုတင်ပြင်ထားနိုင်အောင် iPhone Charger တွေကို ဖော်ပြပေးလိုက်ပါတယ်။
Aukey 18W PD Charger
Aukey 18W PD Charger ကတော့ ၁၀ ဒေါ်လာအောက်ပဲ ရှိပြီး ဈေးနှုန်းသက်သာပါတယ်။ USB-C နဲ့ Lightning ကြိုးနဲ့ ချိတ်ဆက်ရပါမယ်။
Anker 2-Pack Dual Port 12W Wall Charger
သုံးစွဲသူမှာ ပုံမှန် Lighting ကြိုးပဲရှိရင် အခု port နှစ်ခု ပါဝင်တဲ့ USB-C charger ကိုအသုံးပြုသင့်ပါတယ်။ ဈေးနှုန်းကလည်း ၁၂ ဒေါ်လာပဲ ရှိပါတယ်။
Aukey 30W dual-port USB-C charger
Aukey Charger ကတော့ 30-watt အထိ အားသွင်းပေးပြီး တစ်ချိန်တည်းမှာ iPhone နဲ့ iPad ကို အားသွင်းပေးနိုင်ပါတယ်။ USB-C port တစ်ခုတည်းနဲ့ပဲ အားသွင်းရင်တော့ 30-watt အထိရရှိပါတယ်။ Port နှစ်ခုစလုံး အသုံးပြုရင်တော့ USB-A ဆိုရင်တော့ 12-watt ပဲရရှိပါမယ်။
RAVPower 30W 2-Port USB-C Fast Charger
အခု charger ကလည်း အပေါ်က Aukey နဲ့ဆင်ပါတယ်။ USB-C port တစ်ခုဆို 30-watt ရရှိပြီး port နှစ်ခု ဆိုရင် USB-A က 12-watt အထိပဲ အားသွင်းပေးနိုင်ပါတယ်။
Aukey USB-C 21W Car Charger
ကားထဲမှာ ထည့်သွင်းအသုံးပြုရတဲ့ charger ဖြစ်ပါတယ်၊ USB-C နဲ့ USB-A port တစ်ခုစီ ပါဝင်လာပါတယ်။
RAVPower Fast Wireless Charger
RAVPower ကတော့ charging pad ဖြစ်ပြီး ဈေးလည်းသင့်တင့်ပါတယ်။ ကြိုးမဲ့စနစ်နဲ့ဆိုရင် 10-watt အထိ အားသွင်းပေးနိုင်ပြီး ၂၃ ဒေါ်လာ ကျသင့်ပါမယ်။
Anker 30W PowerPort Atom III Slim USB-C Charger
Anker 30-watt charger မှာတော့ ခေါက်ထည့်လို့ရတဲ့ ပလပ်တွေ ပါဝင်တာကြောင့် အိတ်ထဲ အလွယ်တကူ ဆောင်နိုင်ပါတယ်။ အရွယ်ကလည်း သေးငယ်၊ ပါးလွှာပြီး USB-C to Lighting ကိုအသုံးပြုနိုင်ပါတယ်။
Aukey Omnia 65W Dual Port
အရွယ်အစားကျစ်လျစ်တဲ့ 65-watt USB-C charger ကတော့ iPhone ကို အမြင့်ဆုံးမြန်နှုန်းနဲ့ အားသွင်းပေးနိုင်သလို USB-C ပါဝင်တဲ့ laptop ကိုလည်း အားသွင်းနိုင်ပါတယ်။
RAVPower 65W PD Charger
အခု charger ကတော့ Aukey ကထုတ်တဲ့ charger တွေနဲ့ ဆင်ပါတယ်။ ဒါ့အပြင် ဈေးနှုန်းကလည်း သင့်တင့်ပါတယ်။
Aukey Omnia 100W
Omnia ကတော့ ၁၆ လက်မ MacBook Pro လိုမျိုး laptop တွေ အားသွင်းနိုင်အောင် ဒီဇိုင်းထုတ်ထားပြီး 100-watt အထိ အားသွင်းပေးနိုင်ပါတယ်။ USB-C ကတစ်ဆင့် အားသွင်းလို့ရတဲ့ ဘယ် laptop မဆို အသုံးပြုနိုင်သလို စမတ်ဖုန်းနဲ့ tablt တွေလည် အသုံးပြုနိုင်ပါတယ်။ Laptop တွေကို ၂ နာရီအောက်အတွင်း အားအပြည့် သွင်းပေးနိုင်ပါတယ်။ ဈေးနှုန်းကတော့ ၇၉ ဒေါ်လာ ကျသင့်ပါမယ်။
Anker PoerCore Fusion III 5K PD
အခု charger မှာတော့ USB-A နဲ့ USB-C port တွေပါဝင်ကာ 18-watt အထိ အားသွင်းပေးနိုင်ပါတယ်။ အရွယ်အစားက နည်းနည်းကြီးပြီး အလေးချိန်လည်းစီးပါတယ်။
Aukey Wireless Power Bank
Aukey ကထုတ်လုပ်ထားတဲ့ Power Bank ဖြစ်ပါတယ်။ ကြိုးနဲ့လည်း အားသွင်းနိုင်သလို ကြိုးမဲ့လည်း အားသွင်းနိုင်ပါတယ်။ USB-C port ကိုအသုံးပြုရင် 18-watt အထိ အားသွင်းပေးပါတယ်။ ကြိုးမဲ့ဆိုရင်တော့ 10-watt နဲ့ အားသွင်းပေးပါတယ်။ ဘက်ထရီအရွယ်ကတော့ 20,000mAh ဖြစ်ပါတယ်။ Power Bank မှာ kickstand ပါဝင်တဲ့အတွက် အားသွင်းရင်း စာဖတ်တာ၊ ရုပ်ရှင်ကြည့်တာ လုပ်နိုင်ပါတယ်။
-စိုးထက်
Ref: CNET
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««