
ဒီဂျစ်တယ်ခေတ်ကြီးထဲမှာ အွန်လိုင်းကနေ အစည်းအဝေးလုပ်တာနဲ့ ဖုန်းလက်ခံစကားပြောဖို့ဆို True Wireless Earphones (TWS) ကြိုးမဲ့နားကြပ်တွေ လိုလာပါတယ်။ ဈေးကွက်မှာလည်း TWS နားကြပ်တွေ များစွာထွက်နေပါတယ်။ ကုမ္ပဏီတွေကလည်း ဈေးသက်သာတဲ့ အရည်အသွေးမြင့်နားကြပ်တွေကို ထုတ်လုပ်လာကြပါတယ်။ ဒါကြောင့် အောက်မှာ အကောင်းဆုံးလို့ ပြောနိုင်ပြီး ဆူညံသံလျှော့ချပေးတဲ့ နည်းပညာပါဝင်တဲ့ TWS နားကြပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။
Sony WF-XB700
အရည်အသွေးနဲ့ ပတ်သက်လာရင် Sony ကစိတ်ချရပါတယ်။ အခုနားကြပ်မှာ 12mm dynamic driver ပါဝင်တဲ့အတွက် Sony အမှတ်အသား ဘေ့စ်ပါဝင်တယ်။ WB-XB700 ရဲ့ အားသွင်း case ကလည်း အရွယ်ကြီးမားပြီး အလေးချိန်က ၄၆ ဂရမ် ရှိပါတယ်။ ဖုန်းခေါ်ဆိုတာ၊ သီချင်းကို play/pause လုပ်တာအပြင် သီချင်းကျော်တာနဲ့ အသံအတိုး၊ အကျယ်အတွက် ခလုတ်တွေလည်း ပါဝင်ပါတယ်။
JBL C100TWS
JBL TWS နားကြပ်မှာတော့ hands-free ဖုန်းခေါ်ဆိုတာ၊ Bluetooth 55.8mm drive အပြင် ဘေ့စ်သံလည်း ကောင်းမွန်ပါတယ်။ ဘက်ထရီသက်တမ်းက ၁၇ နာရီအထိ အသုံးပြုနိုင်ပါတယ်။
Amazfit Powerbuds
Amazfit Powerbuds ဟာ ဒီဇိုင်း သပ်ရပ်ပြီး ဖုန်းခေါ်ဆိုမှုတွေအတွက် ဆူညံသံလျှော့ချပေးတဲ့ ENC-dual-microphone စနစ်တို့ပါဝင်လာပါတယ်။ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း နှလုံးခုန်နှုန်းတိုင်းတာပေးတဲ့ လုပ်ဆောင်ချက်လည်း ပါဝင်လာပါတယ်။ အားတစ်ခါသွင်းရင် ၈ နာရီအသုံးပြုနိုင်ကာ သံလိုက် အားသွင်း case နဲ့ဆို ၁၆ နာရီ အသုံးပြုနိုင်ပါတယ်။
Xiaomi Mi True Wireless Earphones 2
Xiaomi Mi True Wireless Earphones 2 မှာ pair လုပ်တာ၊ in-ear ခြေရာခံတာနဲ့ contact control နဲ့ အားသွင်းမြန်ဆန်တဲ့ လုပ်ဆောင်ချက်များစွာ ပါဝင်လာပါတယ်။
Noise Shots XO
Noise Shots XO မှာတော့ Qualcomm aptX Bluetooth codec ထောက်ပံ့မှု၊ IPX7 ရေစိုခံနိုင်ရည် အဆင့်နဲ့ ကြိုးမဲ့အားသွင်းစနစ်တို့ ပါဝင်လာပါတယ်။ ဘက်ထရီသက်တမ်းကတော့ charging case အပါအဝင် ၃၆ နာရီ အထိ အသုံးပြုနိုင်ပါတယ်။ USB Type-C port ကတစ်ဆင့် အားသွင်းနိုင်ကာ Bluetooth 5.0 နဲ့ အသံနဲ့ထိန်းချုပ်တာတွေလည်း ပါဝင်လာပါတယ်။
-စိုးထက်
Ref: Entrepreneur