အကန္႔အသတ္မရွိ အင္တာနက္ အသံုးျပဳႏိုင္မည့္ ananda 4G+ ဝန္ေဆာင္မႈ စတင္မိတ္ဆက္

[ Zawgyi ]

ananda 4G+ အင္တာနက္ဝန္ေဆာင္မႈကို ရန္ကုန္မွာစတင္လိုက္ပါတယ္။

၃၅၀၀၀ က်ပ္နဲ႔ miFi စက္တစ္ခု၊ ဆင္းမ္ကတ္တစ္ကတ္ ရရွိမွာျဖစ္ၿပီး အဲဒါနဲ႔အင္တာနက္ အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။ တစ္လအကန္႔အသတ္မရွိအသံုးျပဳႏိုင္မွာျဖစ္ၿပီး အဲဒီ Plan ကုန္သြားရင္ကုန္စိတ္တိုင္းက်သံုးစြဲလိုတဲ့ ေဒတာပမာဏနဲ႔ကိုက္ညီတဲ့ add on plans ေတြကိုဝယ္ယူႏိုင္မွာျဖစ္ေၾကာင္း၊ ၃၅၀၀၀ နဲ႔မဝယ္ဘူးဆိုရင္လည္းအျခားပိုေစ်းသက္သာတဲ့ Plan ေတြကိုဝယ္ယူလို႔ရေအာင္ေဆာင္ရြက္ထားတယ္လို႔သိရပါတယ္။

“၃၅၀၀၀ က်ပ္နဲ႔တစ္လအတြင္းႀကိဳက္သေလာက္သံုးႀကိဳက္သေလာက္ Download ဆြဲ လိုင္းလံုးဝမက်ေစရပါဘူး” လို႔ ananda ရဲ႕ စီအီးအို Mr .David ကေျပာပါတယ္။ ရန္ကုန္မွာ ၿမိဳ႕နယ္ ၂၅ ခု၊ ကိုယ္စားလွယ္ေပါင္း ၃၅၀၀ နဲ႔စတင္ဝန္ေဆာင္မႈေပးမွာျဖစ္ၿပီး ရန္ကုန္အၿပီး မႏၲေလးကိုဆက္လက္ဝန္ေဆာင္မႈေပးမွာျဖစ္ေၾကာင္းသိရပါတယ္။

ananda ရဲ႕စက္ကို မိမိသြားတဲ့ေနရာေတြကိုယူေဆာင္အသံုးျပဳႏိုင္ပါတယ္။ 4G+ router ကိုလည္းစတင္မိတ္ဆက္ခဲ့ၿပီးအဲဒီ router ကို ေနအိမ္၊ ရံုးခန္းေတြမွာ တပ္ဆင္ထားၿပီး မွ်ေဝသံုးစြဲႏိုင္တယ္လို႔သိရပါတယ္။ WiFi ခ်ိတ္ဆက္ႏိုင္တဲ့ ပစၥည္းအလံုး ၃၀ အထိ ခ်ိတ္ဆက္ႏိုင္မွာျဖစ္ေၾကာင္း၊ router ဝယ္ယူရင္ ၆၅၀၀၀ က်ပ္ျဖစ္ၿပီး ရက္ေပါင္း ၆၀ ေဒတာအကန္႔အသတ္မရွိ အသံုးျပဳႏိုင္မွာျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕ ေနရာအႏွံ႔မွာရွိတဲ့ ကိုယ္စားလွယ္ဆိုင္ေတြမွာ စတင္ဝယ္ယူရရွိႏိုင္ၿပီ ျဖစ္ပါတယ္။ လက္ရွိ ရန္ကုန္မွာ Site ေပါင္း ၅၀၀ နဲ႔ မႏၲေလးမွာ ၁၀၀ ရွိၿပီးျဖစ္ေၾကာင္း Site တစ္ခုခ်င္းစီဟာ ဖိုက္ဘာကီလိုမီတာ ၁၂၀၀ ရွိေၾကာင္းသိရပါတယ္။

-ထြန္းထြန္း

=============

[ Unicode ]

အကန့်အသတ်မရှိ အင်တာနက် အသုံးပြုနိုင်မည့် ananda 4G+ ဝန်ဆောင်မှု စတင်မိတ်ဆက်

=============

ananda 4G+ အင်တာနက်ဝန်ဆောင်မှုကို ရန်ကုန်မှာစတင်လိုက်ပါတယ်။

၃၅၀၀၀ ကျပ်နဲ့ miFi စက်တစ်ခု၊ ဆင်းမ်ကတ်တစ်ကတ် ရရှိမှာဖြစ်ပြီး အဲဒါနဲ့အင်တာနက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တစ်လအကန့်အသတ်မရှိအသုံးပြုနိုင်မှာဖြစ်ပြီး အဲဒီ Plan ကုန်သွားရင်ကုန်စိတ်တိုင်းကျသုံးစွဲလိုတဲ့ ဒေတာပမာဏနဲ့ကိုက်ညီတဲ့ add on plans တွေကိုဝယ်ယူနိုင်မှာဖြစ်ကြောင်း၊ ၃၅၀၀၀ နဲ့မဝယ်ဘူးဆိုရင်လည်းအခြားပိုစျေးသက်သာတဲ့ Plan တွေကိုဝယ်ယူလို့ရအောင်ဆောင်ရွက်ထားတယ်လို့သိရပါတယ်။

“၃၅၀၀၀ ကျပ်နဲ့တစ်လအတွင်းကြိုက်သလောက်သုံးကြိုက်သလောက် Download ဆွဲ လိုင်းလုံးဝမကျစေရပါဘူး” လို့ ananda ရဲ့ စီအီးအို Mr .David ကပြောပါတယ်။ ရန်ကုန်မှာ မြို့နယ် ၂၅ ခု၊ ကိုယ်စားလှယ်ပေါင်း ၃၅၀၀ နဲ့စတင်ဝန်ဆောင်မှုပေးမှာဖြစ်ပြီး ရန်ကုန်အပြီး မန္တလေးကိုဆက်လက်ဝန်ဆောင်မှုပေးမှာဖြစ်ကြောင်းသိရပါတယ်။

ananda ရဲ့စက်ကို မိမိသွားတဲ့နေရာတွေကိုယူဆောင်အသုံးပြုနိုင်ပါတယ်။ 4G+ router ကိုလည်းစတင်မိတ်ဆက်ခဲ့ပြီးအဲဒီ router ကို နေအိမ်၊ ရုံးခန်းတွေမှာ တပ်ဆင်ထားပြီး မျှဝေသုံးစွဲနိုင်တယ်လို့သိရပါတယ်။ WiFi ချိတ်ဆက်နိုင်တဲ့ ပစ္စည်းအလုံး ၃၀ အထိ ချိတ်ဆက်နိုင်မှာဖြစ်ကြောင်း၊ router ဝယ်ယူရင် ၆၅၀၀၀ ကျပ်ဖြစ်ပြီး ရက်ပေါင်း ၆၀ ဒေတာအကန့်အသတ်မရှိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ရန်ကုန်မြို့ နေရာအနှံ့မှာရှိတဲ့ ကိုယ်စားလှယ်ဆိုင်တွေမှာ စတင်ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်မှာ Site ပေါင်း ၅၀၀ နဲ့ မန္တလေးမှာ ၁၀၀ ရှိပြီးဖြစ်ကြောင်း Site တစ်ခုချင်းစီဟာ ဖိုက်ဘာကီလိုမီတာ ၁၂၀၀ ရှိကြောင်းသိရပါတယ်။

-ထွန်းထွန်း