အကန့်အသတ်မရှိ ဓာတ်ပုံသိမ်းဆည်းနိုင်တဲ့ အစီအစဉ် Google Photos အဆုံးသတ်

Google Photos ကတော့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ အကန့်အသတ်မရှိ သိုလှောင်နိုင်တဲ့ အစီအစဉ်ကို အဆုံးသတ်လိုက်တယ်လို့ Google ကထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်မှာ ဓာတ်ပုံနဲ့ ဗီဒီယိုအသစ်တွေ upload ပြုလုပ်ဖို့ 15GB ပဲရရှိတော့မှာ ဖြစ်ပါတယ်။

Google One ဆိုတဲ့ လစဉ်ကြေးပေးသွင်းစနစ်ကို ဝယ်ယူ အသုံးပြုကြဖို့ အခုလို ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။ Google One ဟာ Google Store လျှော့ဈေးလိုပဲ storage 100GB နဲ့ အခြား လုပ်ဆောင်ချက်တွေ ပါဝင်ပြီး တစ်လ ၂ ဒေါ်လာပဲ ကျသင့်ပါမယ်။

ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ဇွန်လမတိုင်မီ Google Photos မှာ အချိန်မီ သိမ်းဆည်းထားသင့်ပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««