အကနဲ့ ဖျော်ဖြေတင်ဆက်ခဲ့တဲ့ Boston Dynamics စက်ရုပ်များ

Boston Dynamics စက်ရုပ်တွေက တူးမြောင်းတွေကနေ အတက်၊ အဆင်းလုပ်နိုင်ပြီး ဆရာဝန်တွေကိုလည်း ကူညီနိုင်ပါတယ်။ အများပြည်သူ အပန်းဖြေရာ ပန်းခြံတွေမှာ လူစုလူဝေး မဖြစ်ပေါ်စေဖို့ လူတွေကို သတိပေးပါတယ်။ ဒါ့အပြင် အခုဆိုရင် စက်ရုပ်တွေက အကပညာရပ်ကိုလည်း သင်ယူနိုင်ပါတယ်။

Boston Dynamics တင်ထားတဲ့ ဗီဒီယိုအရ ကုမ္ပဏီရဲ့ Atlas, Spot the dog စက်ရုပ်နဲ့ Handle တို့က Do You Love Me သီချင်းနဲ့ တညီတညာ ကနေကြပါတယ်။ စက်ရုပ်တွေက Dirty Dancing ရုပ်ရှင်ထဲကအတိုင်း လှုပ်ရမ်းပြီး ကခဲ့ကြပါတယ်။

Boston Dynamics ဟာ စက်ရုပ်တွေရဲ့ ကကွက်ကို ပြတာ ပထမဆုံးအကြိမ် မဟုတ်ခဲ့ပါဘူး။ ၂၀၁၈ တုန်းကလည်း Uptown Funk သီချင်းနဲ့ Spot စက်ရုပ်ကတဲ့ ဗီဒီယို ပြခဲ့ပါတယ်။

-စိုးထက်
Ref: CNET

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««