
Airbnb ကတစ်ဆင့် ငှားရမ်းထားတဲ့ ကယ်လီဖိုးနီးယားနေအိမ်တစ်လုံးမှာ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ် လူသေမှုအပြီး ကုမ္ပဏီက ပါတီအိမ်ငှားရမ်းကို ပိတ်ပင်လိုက်ပါတယ်။
ဟော်လိုဝင်းညမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်မှုကြောင့် လူ ၅ဦးသေဆုံးခဲ့ပါတယ်။ Airbnb အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ ဘရိုင်ယန်ချက်စကီက ပါတီအိမ်ငှားရမ်းမှုကို ပိတ်ပင်ပြီး အခွင့်မရှိဘဲပြုလုပ်တဲ့ ပါတီတွေနဲ့ အမြင်မတော်တဲ့ အိမ်ရှင်နဲ့ ဧည့်သည်စီမံခန့်ခွဲမှုကို ဖယ်ရှားမယ်လို့ twitter မှာရေးသားခဲ့ပါတယ်။
Starting today, we are banning “party houses” and we are redoubling our efforts to combat unauthorized parties and get rid of abusive host and guest conduct, including conduct that leads to the terrible events we saw in Orinda. Here is what we are doing:
— Brian Chesky (@bchesky) November 2, 2019
Airbnb အနေနဲ့ ပါတီအိမ်အတွက် အထူးအဖွဲ့တစ်ခုကို ဖန်တီးသွားမှာ ဖြစ်ပြီး အန္တရာယ်များပြားတဲ့ အိမ်ငှားရမ်းမှုကိုလည်း တိုးချဲ့စောင့်ကြည့်သွားမယ်လို့ ချက်စကီက tweet မှာရေးသားထားပါတယ်။
ဒါ့အပြင် Airbnb ရဲ့ပေါ်လစီတွေကို ချိုးဖောက်တဲ့ သုံးစွဲသူတွေအပေါ် အရေးယူဖယ်ရှားသွားမယ်လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကယ်လီဖိုးနီးယားပြည်နယ်၊ အိုရင်ဒါမြို့မှာ နေအိမ်တစ်လုံးကို Airbnb ကတစ်ဆင့် ငှားရမ်းခဲ့ပြီး ဟောလိုဝင်းပါတီပြုလုပ်ခဲ့ပါတယ်။ အဲဒီပါတီမှာ သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့အတွက် အခုလိုမျိုး ပေါ်လစီတွေကို Airbnb ကသတ်မှတ်ခဲ့ပါတယ်။ နိုဝင်ဘာ ၁ရက်၊ သောကြာနေ့မှာတော့ သေနတ်ဒဏ်ရာကြောင့် လူ ၅ ဦးသေဆုံးသွားပါတယ်။
စိုးထက်
Ref: CNBC