ဟိုလိုကော့စ်အပေါ် ငြင်းပယ်တဲ့ ပို့စ်တွေကို Twitter ဖယ်ရှား

Twitter ဟာ Facebook လိုပဲ အမုန်းစကားပေါ်လစီနဲ့ ငြိစွန်းတဲ့ နာဇီက ဂျူးတွေကို အစုလိုက်အပြုံလိုက် သတ်ပစ်ခဲ့တဲ့ ဟိုလိုကော့စ် ဖြစ်ရပ် ငြင်းပယ်တဲ့ ပို့စ်တွေကို ပယ်ဖျက်ခဲ့ပါတယ်။

Twitter ရဲ့ပေါ်လစီကတော့ အကြမ်းဖက်ဖြစ်ရပ် အပေါ် ငြင်းဆိုတာနဲ့ပတ်သက်ပြီး အသေးစိတ် မဖော်ပြထားပါဘူး။ ဒါပေမဲ့ Twitter ပြောရေးဆိုခွင့်ရှိသူကတော့ ဟိုလိုကော့စ်လိုမျိုး အကြမ်းဖက်ဖြစ်ရပ်တွေကို ငြင်းပယ်ဖို့ ကြိုးစားတဲ့ post တွေကို ပယ်ဖျက်မယ်လို့ ပြောခဲ့ပါတယ်။

“ကျွန်မတို့ အနေနဲ့ ဂျုးမုန်းတီးရေး လုပ်ရပ်တွေကို ရှုတ်ချပြီး ဝန်ဆောင်မှုထဲမှာ မရှိအောင် ပြုလုပ်သွားပါမယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

Facebook ကလည်း ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေနဲ့ ပူးပေါင်းသူတွေက ဂျူး ၆ သန်းကျော်ကို စနစ်တကျ သုတ်သင်တဲ့ ဟိုလိုကော့စ်ဖြစ်ရပ်ကို ငြင်းဆိုတဲ့ ပို့စ်တွေကို ဖျက်မယ်လို့ ကြေညာခဲ့ပါတယ်။

-စိုးထက်
Ref: Bloomberg