ဟိုတယ်ဝန်ဆောင်မှုပညာရပ်ဆိုင်ရာ ဒီပလိုမာပေးအပ်ပွဲကျင်းပ

နေပြည်တော်ရှိ Hilton အသက်မွေးကျောင်းသင်တန်းကျောင်း (HVTC) မှ Hilton Worldwide အသိအမှတ်ပြု ဟိုတယ်ဝန်ဆောင်မှုပညာ ဒီပလိုမာဘွဲ့ ပေးအပ်ပွဲကို စက်တင်ဘာ ၁၇ ရက်က နေပြည်တော်ရှိ Hilton ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအပိုင်းမှာ လူငယ်ကျွမ်းကျင်ပညာရှင်လိုအပ်မှု မြင့်မားလာတာကို ဖြည့်ဆည်းပေးနိုင်ရန်နဲ့ ဟိုတယ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများ တိုးပွားလာစေရန် Hilton အသက်မွေးကျောင်း သင်တန်းကျောင်း (HVTC) ကို နေပြည်တော်မှာ ၂၀၁၅ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပလိုမာသင်တန်း စာတွေ့လက်တွေ့သင်ကြားမှု (၁၈) လနဲ့ မြန်မာနိုင်ငံ၊ အရှေ့အလယ်ပိုင်း ယူအေအီးနဲ့ ထိုင်းနိုင်ငံရှိ Hilton ဟိုတယ်တွေမှာ အလုပ်သင်ကာလ (၆) လ အပါအဝင် (၂၄) လ သင်ကြားပေးတာ ဖြစ်ပါတယ်။

HVTC Diploma Program မှာ Major လေးမျိုးနဲ့ သင်ကြားပေးတာ ဖြစ်ပြီး နိုင်ငံတကာအဆင့် ဆက်စပ်ပညာများကိုပါ သင်ကြားတာဖြစ်တယ်လို့ သိရပါတယ်။ ယခုကျင်းပပြုလုပ်တဲ့ အခမ်းအနားမှာ သင်တန်းသူ (၁၈) ဦး၊ သင်တန်းသား (၁၅) ဦးတို့ကို ဒီပလိုမာပေးအပ်ခဲ့တာဖြစ်ပါတယ်။

-ကျော်ဇေယျ