ဟိုတယ်စီမံခန့်ခွဲမှု ဘာသာရပ်များကို ၂၀ ရာခိုင်နှုန်း ပညာသင်ဆု ဖြင့်လျှောက်ထားနိုင်မည်

ကမ္ဘာ့ထိပ်သီး ဟိုတယ်နှင့် စီမံခန့်ခွဲမှုကျောင်းတစ်ခုဖြစ်တဲ့ IMI Switzerland မှာ ၅ လ စာသင်၊ ၅ လ လုပ်ခလစာရ (အလုပ်သင်ကာလ) ပါဝင်တဲ့ ဟိုတယ်စီမံခန့်ခွဲမှု ဘာသာရပ်တွေကို ၂၀ ရာခိုင်နှုန်းပညာသင်ဆု နဲ့ တက်ရောက်နိုင်မယ်လို့ သိရပါတယ်။

၂၀၂၀ ခုနှစ်၊ သြဂုတ်လနဲ့ နိုဝင်ဘာလ ကျောင်းဖွင့်ချိန်အတွက် လျှောက်ထားနိုင်ပြီး မေ ၁၅ ရက် နောက်ဆုံးထားကာ MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှ လျှောက်ထားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ IMI Switzerland မှာ (၁၀) တန်း အောင်၊ IGCSE ‘O’ Level ပြီးထားသူတွေဟာ IMI ၏ Foundation တန်းကို စတက်ရမှာဖြစ်ပါတယ်။ Foundation တန်းပြီးဆုံးပါက Menchester Metropolitan University (UK) နဲ့ IMI Switzerland တို့မှ ပေးအပ်တဲ့ ဘွဲ့လက်မှတ်နှစ်ခု ရရှိမယ့် Diploma, Higher Diploma နဲ့ Bachelor တန်းများ၊ IMI Switzerland မှ ပေးအပ်တဲ့ Postgraduate တန်း၊ Manchester Metropolitan University (UK) မှ ပေးအပ်တဲ့ MBA တန်း ၊ IMI Switzerland နဲ့ UK စံနှုန်းပြည့်မီတဲ့ ဟိုတယ်နှင့် ခရီးသွားလာရေးအဖွဲ့အစည်း ဖြစ်တဲ့ Confederation of Tourism & Hospitality (UK) တို့မှ ပေးအပ်တဲ့ MSc တန်းတွေကို ဆက်လက်တက်ရောက်နိုင်ပြီး သင်ကြားမှုပုံစံက စာသင်နှစ်တစ်ခုစီမှာ စာတွေ့ ၅ လ နဲ့လုပ်ခလစာရ အလုပ်သင်ကာလ ၅ လ ပါဝင်ပါတယ်။

HND (UK) ပြီးထားသူများ၊ နိုင်ငံခြားတက္ကသိုလ်များမှာ Diploma တန်းပြီးထားသူများ၊ ပြည်တွင်းနဲ့ ပြည်ပမှာ ဘွဲ့ရပြီးသူများနဲ့ လုပ်ငန်းခွင်ဝင်ရောက်နေသူတွေဟာ မိမိ ကျောင်းရဲ့ Syllables ပေါ်မူတည်ပြီး ပညာသင်နှစ် ကင်းလွတ်ခွင့်များ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ဘာသာရပ် မရွေးချယ်ရသေးသူတွေအနေနဲ့ ၂ ပတ် မှ ၃ ပတ် ကြာမြင့်တဲ့ IMI Summer Program ကို အသက် (၁၅) နှစ်ပြည့်ပြီးသူများမှစ၍ တက်ရောက်နိုင်ပြီး Program မှာလေဆိပ်အကြိုအပို့ (အသွား/အပြန်) ပြုလုပ်ပေးခြင်း၊ ကျောင်းနေဆောင်တွင် Twin Ensuite Room စီစဉ်ပေးခြင်း၊ အစားအသောက်၊ English နဲ့ German ဘာသာစကား၊ Hospitality / Business / Culinary အကြောင်းများ သင်ကြားပေးခြင်း၊ သင်တန်းမှာ လိုအပ်တဲ့ပစ္စည်းများ၊ လှုပ်ရှားမှုတွေနဲ့ လေ့လာရေးခရီးစဉ်များ၊ Free Wifi ၊ ကျောင်းရှိ Gym နဲ့ စာကြည့်တိုက်တို့ကို အသုံးပြုနိုင်ခြင်း၊ သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်းနဲ့ အခြားဝန်ဆောင်မှုတွေ ပါဝင်ပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ MSI ပညာရေးဝန်ဆောင်မှု ဖုန်း-၀၉၅၁၀၃၉၁၅၊ ၀၉၄၂၀၀၃၇၆၁၆ နဲ့ မန္တလေးရုံး ဖုန်း-၀၉၉၇၆၀၅၈၆၂၆ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

-သန္တာ

နိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းက အိုင်တီ၊ မိုဘိုင်း နည်းပညာ သတင်းတွေကို နေ့စဉ်ဖတ်ရှုနိုင်ဖို့ ဒီနေရာလေး ကိုနှိပ်ပြီး subscribe လုပ်ထားနိုင်ပါတယ်