
ဟားဗတ်တက္ကသိုလ်ကို တက်ရောက်မယ် ဆိုရင် ကျူရှင်စရိတ်က တစ်နှစ် ဒေါ်လာ ၅၀,၀၀ (နေထိုင်မယ့်အခန်းခ၊ အဆောင်ခနဲ့ လစဉ်ကြေး ပါမယ်ဆိုရင် ဒေါ်လာ ၂၀,၀၀၀ အထိ) ကျသင့်ပါမယ်။ ဒါပေမဲ့ ဟားဗတ်တက္ကသိုလ်မှာ တက်ရောက်ဖို့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ အဲဒါကတော့ ဟားဗတ်တက္ကသိုလ်က တချို့သင်ခန်းစာတွေကို နေအိမ်ကနေ အင်တာနက်နဲ့ သင်ကြားနိုင်ပါတယ်။ ဟားဗတ်တက္ကသိုလ်မှာ အလွန်ကောင်းမွန်တဲ့ အွန်လိုင်းသင်ကြားရေး portal https://online-learning.harvard.edu/catalog?keywords=&paid%5B1%5D=1&max_price=&start_date_range%5Bmin%5D%5Bdate%5D=&start_date_range%5Bmax%5D%5Bdate%5D=
ရှိပါတယ်။
သင်ခန်းစာ လိုက်စားမယ့်သူတွေ အတွက် ရွေးချယ်စရာ ရှိပါတယ်။ စစ်ဆေးမှုမရှိတဲ့ အခမဲ့ ဘာသာရပ် သင်ကြားမှုတွေ ရှိပါတယ်။ ဆိုလိုတာက ခင်ဗျားအနေနဲ့ သင်ခန်းစာကို အခမဲ့ တက်ရောက်နိုင်ပေမယ့် ထပ်ဆောင်း content နဲ့ HarvardX အသိအမှတ်ပြု လက်မှတ်ရဖို့ ငွေပေးရပါမယ်။
အောက်မှာ ဖော်ပြမယ့် သင်ခန်းစာတွေက ဟားဗတ်တက္ကသိုလ်က အခမဲ့ သင်ကြားပေးနေတဲ့ အွန်လိုင်းသင်ခန်းစာတွေ ဖြစ်ပါတယ်။
(၁) Justice
ဟားဗတ်က နာမည်အကြီးဆုံး သင်ခန်းစာတွေထဲက တစ်ခုဖြစ်တဲ့ Justice ဖြစ်ပါတယ်။ ဟားဗတ်ဟာ အမေရိကန်မှာ ဥပဒေဘာသာရပ် စဉ်ဆက်မပြတ်သင်နေတဲ့ သက်တမ်းရှည်ကျောင်းတွေထဲ ပါဝင်ပါတယ်။ Justice သင်ခန်းစာကတော့ ၁၂ ပတ်အထိ ကြာမြင့်ပြီး ချီးမွမ်းခံ ပရော်ဖက်ဆာ မိုက်ကယ်ဆန်ဒယ်က တရားစီရင်မှု ရှေးဟောင်းနဲ့ ခေတ်ပြိုင်သီအိုရီတွေ လေ့လာသင်ကြားပါတယ်။
(၂) Masterpieces of World Literature
အခု သင်ခန်းစာကတော့ အတိတ်၊ လက်ရှိနဲ့ အနာဂတ် ကမ္ဘာ့စာပေအပေါ် စူးစမ်းလေ့လာဖို့ ကမ္ဘာလုံးဆီ ခရီးထွက်ဖို့ စတင်ဖို့ အကောင်းဆုံးပါပဲ။ ၁၂ ပတ် ကြာမြင့်မယ့် သင်ခန်းစာမှာတော့ တစ်ပတ် ၇ နာရီအထိ အာရုံစူးစိုက်မှု အပြည့်နဲ့ သင်ကြားရပါမယ်။ အဲဒီအချိန်အတွင်း ဂိုထေး၊ ဗော်တေးယားနဲ့ ရပ်ဒီတို့ရဲ့ လက်ရာအကြောင်း သင်ကြားရပါမယ်။
(၃) Women Making History: 10 Objects, Many Stories
အခုသင်ခန်းစာကိုတော့ အမျိုးသမီး ပရော်ဖက်ဆာ ၂ ဦးက သင်ကြားမှာ ဖြစ်ပါတယ်။ သူတို့က ဟားဗတ် Schlesinger စာကြည့်တိုက်စုစည်းမှုက သတ်မှတ်ထားတဲ့“အထင်ရှားဆုံး အရာဆယ်ခု” ကိုတော့ ၂၀ ရာစုအတွင်း အမေရိကန်အမျိုးသမီးတွေ ဖန်တီး၊ ထိပ်တိုက်ရင်ဆိုင်ပြီး အပြောင်းအလဲ ဖော်ဆောင်ပုံအကြောင်း ချဉ်းကပ်ပြမှာ ဖြစ်ပါတယ်။
(၄) Fundamentals of TinyML
Tiny machine learning ကတော့ သေချာလေ့လာမှု တိုးတက်များပြားလာတဲ့ ဧရိယာတွေထဲက တစ်ခုဖြစ်ပြီး လေ့လာမှုအပိုင်းလည်း ပိုမို လွယ်ကူလာပါတယ်။ အခု အခမဲ့ သင်ခန်းစာကတော့ ဈေးသက်သာတဲ့ စမတ်ဖုန်းတွေ ဘယ်လိုဖန်တီးလဲဆိုတာကိုလည်း သိနိုင်ပါတယ်။
(၅) Backyard Meteorology: The Science of Weather
ဟားဗတ်ရဲ့ အိမ်ခြံဝင်းထဲက စူးစမ်းနိုင်တဲ့ မိုးလေဝသပညာရပ် သင်ခန်းစာကတော့ အိမ်ပြတင်းပေါက်ကနေ ရာသီဥတုကို ခန့်မှန်းနိုင်စေမယ့် ပညာရပ် ဖြစ်ပါတယ်။
(၆) Shakespeare’s Life and Work
ကဗျာလင်္ကာစပ်ရန် Bard ကိုသိရှိဖို့ ရက်တိုသင်တန်းလည်း ရှိပါတယ်။ အခုသင်တန်းက ၄ ပတ်ကြာမြင့်ပြီး တစ်ပတ်မှာ ၇ နာရီ သင်ကြားရပါမယ်။ အဲဒီကာလအတွင်း စာဆို ရှိတ်စပီးယားပြဇတ်ရဲ့ ယဉ်ကျေးမှုဆိုင်ရာအရေးပါမှုနဲ့ စာမျက်နှာနဲ့ ဖျော်ဖြေမှုတွေကိ လေ့လာဆန်းစစ်နည်းမှာ သင်ကြားပါမယ်။
(၇) Science & Cooking: From Haute Cuisine to Soft Matter Science (physics)
၁၆ ပတ် ကြာမြင့်မယ့် သင်တန်းမှာတော့ အစားအသောက်ကို သိပ္ပံနည်းကျ ရှုမြင်ပြီး အရသာရှိဖို့အတွက် မယိုနစ်ကိုလေ့လာနိုင်မယ့် ဘာသာရပ် ဖြစ်ပါတယ်။
(၈) CitiesX: The Past, Present, and Future of Urban Life
မြို့တွေရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ကျွမ်းကျင်သူအဖြစ် လေ့လာနိုင်မယ့် ဘာသာရပ်ဖြစ်ပါတယ်။ အဲဒီ ဘာသာရပ်က မြို့ပြဧရိယာကို ကောင်းစွာ နားလည်၊ တန်ဖိုးထားပြီး တိုးတက်လာစေဖို့ သင်ကြားပေးမှာ ဖြစ်ပါတယ်။
(၉) PredictionX: Omens, Oracles & Prophecies
အခု ဘာသာရပ်ကတော့ မိတ်ဆက်အဆင့် ဖြစ်ပြီး တစ်ပတ်ကြာ တက်ရောက်ရပါမယ်။ သိပ္ပံပညာမပေါ်ထွန်းမီခေတ်က အခြေအနေအရပ်ရပ် ခန့်မှန်းတဲ့ စနစ်တွေကို လေ့လာရပါမယ်။ ရှေးဟောင်း အရိုးမီးရှို့မှုကနော ဒယ်ဖိုင်က ရှေ့ဖြစ်ဟောသူကနေ တားရော့ပညာရပ်နဲ့ ခေတ်သစ်နက္ခတ်ဗေဒင်ကိုလည်း သင်ကြားရပါမယ်။
(၁၀) The Einstein Revolution
အခု ဘာသာရပ်ကတေ့ အယ်ဘတ်အိုင်စတိုင်း ဘဝနဲ့ လက်ရာကို သင်ကြားပေးမှာ ဖြစ်ပါတယ်။
-စိုးထက်
Ref: Mashable
»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««