“ဟပ်ချလောင်း သူဌေးလောင်း” အစီအစဉ်ကို တယ်လီနောမိတ်ဆက်

Picanto ကားသစ် ၄ စီးနဲ့ Honda Scoopy ဆိုင်ကယ်အစီး ၃၀ အပါအဝင် သန်းပေါင်းများစွာ တန်ဖိုးရှိ နေ့စဥ်ဆုများ၊ အပတ်စဥ်ဆုများကို ကံထူးခွင့်ရရှိနိုင်မယ့် “ဟပ်ချလောင်း သူဌေးလောင်း” အစီအစဥ်ကို တယ်လီနော သုံးစွဲသူ များထံသို့ နိုဝင်ဘာ ၂၂ ရက်က မိတ်ဆက်လိုက်ပါတယ်။

” တယ်လီနောက သုံးစွဲသူတွေအတွက် အလိုအပ်ဆုံးအရာတွေကို ဖြည့်ဆည်းပေးနိုင်အောင် အမြဲကြိုးစားနေပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနဲ့အတူ ဒီဂျစ်တယ်ဂိမ်းကစားနည်းတွေကတစ်ဆင့် တယ်လီနောရဲ့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေကို ဆုလက်ဆောင်တွေ ပြန်လည်ချီးမြှင့်သွားဖို့လည်း အမြဲဖော်ဆောင်ကြိုးစားလျက်ရှိပါတယ်။ ၂၀၁၉ ခုနှစ်ကုန်ဆုံးဖို့ နီးလာတာနဲ့အမျှ တယ်လီနောရဲ့ သုံးစွဲသူတွေ ချက်ခြင်းသူဌေးလောင်းဖြစ်နိုင်တဲ့ ဟပ်ချ လောင်း သူဌေးလောင်း အစီအစဥ်နဲ့ ပံ့ပိုးလုပ်ဆောင်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီအစီအစဥ်ဟာ တယ်လီနောအနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ခဲ့သမျှထဲမှာ အကြီးဆုံး ကျေးဇူးတုံ့ပြန်ခြင်း အစီအစဥ်တွေထဲက တစ်ခုပါ။ တယ်လီနောရဲ့ သန်းနဲ့ချီတဲ့ အသုံးပြုသူတွေထံ ကျေးဇူးတုံ့ပြန်တဲ့ အစီအစဥ်ဖြစ်ပြီး ပျော်ရွှင်မှုတွေ ယူဆောင်ပေးလာနိုင်မှာ ဖြစ်ပါတယ်။ တယ်လီနော မြန်မာက အသုံးပြုသူတွေရဲ့ ဒီဂျစ်တယ်ခရီးလမ်းမှာ တီထွင်မှုတွေအပြည့်နဲ့ စိတ်လှုပ်ရှားဖွယ် အစီအစဥ်တွေ ပိုမိုယူဆောင်လာဖို့ ကတိကဝတ်ပြုပါတယ် လို့ တယ်လီနောမြန်မာရဲ့ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်က Amaresh Kumar မှ ပြောပါတယ်။

ဆုများရယူနိုင်ရန် အသုံးပြုသူများအနေနဲ့ MyTelenor App၊ Website၊ USSD၊ SMS နှင့် E-load အစရှိတဲ့ ချန်နယ်များတွင် ပက်ကေ့ခ်ျများ ဝယ်ယူရာမှ ရရှိလာသော Lucky Chance ကူပွန်များကို အသုံးပြုရန်လိုအပ်မှာဖြစ်ပါတယ်။ နေ့စဉ်ဆုများကို MyTelenor App ရှိ “ဟပ်ချေလာင်း၊ သူဌေးလောင်း” ကစားခြင်းဖြင့် ရယူနိုင်မှာဖြစ်ပြီး နေ့စဉ်ဆုတွင် Samsung Galaxy A20 ဖုန်း၊ ဘလူးတုစပီကာ၊ နားကြပ်၊ Power Bank၊ ဒေတာ အပိုဆု၊ KFC နှင့် မဟာမိုဘိုင်း စတဲ့ တယ်လီနောမိတ်ဖက်တွေရဲ့ ကူပွန်စတာတွေ ပါ၀င်ကာ အပတ်စဉ်ဆုမှာ Honda Scoopy Prestige ဆိုင်ကယ် အစီး (၃၀)၊ လက်မ ၅၀ Samsung စမတ်တီဗီနှင့် အထူးဆုအနေနဲ့ KIA Picanto ကားသစ် (၄) စီး ပါဝင်တယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း