ဟက်ကာများက Account အရေအတွက် ၁၃၀ ကို ပစ်မှတ်ထားခဲ့တယ်လို့ Twitter ပြော

Twitter က အခုတစ်ပတ်ဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုအတွင်း account ၁၃၀ ပစ်မှတ်ထားခံခဲ့ရတယ်လို့ Twitter ကပြောခဲ့ပါတယ်။Twitter တိုက်ခိုက်ခံရမှုမှာ နာမည်ကြီး account နဲ့ အဖွဲ့အစည်းများစွာပါဝင်ပါတယ်။

ဟက်ကာတွေက account အရေအတွက် အနည်းငယ်ကို ထိန်းချုပ်ပြီး tweet တွေပေးပို့ခဲ့တယ်။ဟက်ကာတွေအနေနဲ့ ပစ်မှတ်ထားတဲ့ account က တစ်ကိုယ်ရေ အချက်အလက်တွေ ရ၊ မရကိုတော့ မသိသေးပါဘူး။ပစ်မှတ်ထား

တိုက်ခိုက်ခံရတဲ့ ထင်ရှားကျော်ကြားသူနဲ့ နိုင်ငံရေးသမားတွေထဲမှာ ဂျိုးဘိုင်ဒင်၊ ကင်မ်ကာဒတ်ရှန်၊ ဘားရတ်အိုဘားမားနဲ့ အီလွန်မက်စ်တို့ရဲ့ Twitter account တွေပါဝင်ခဲ့ပါတယ်။

Twitter အနေနဲ့ ထိခိုက်ခဲ့တဲ့ Twitter account ပိုင်ရှင်တွေနဲ့ လက်တွဲလုပ်ကိုင်နေပါတယ်။ နာမည်ကျော် account တွေထိန်းချုပ်ခံရမှုမှာ password ကိုအသုံးပြုတာ မတွေ့ရဘူးလို့ Twitter ကတော့ပြောထားပါတယ်။

-စိုးထက်
Ref: Reuters