ဟက္ကာနဲ႔ တြဲဖက္ကစားခဲ့တဲ့ PUBG streamer ဂိမ္းကစားခြင့္ ပိတ္ပင္ခံရ

[ Zawgyi ]

Twitch ရဲ႕ နာမည္ေက်ာ္ ဂိမ္း streamer ျဖစ္သူ မိုက္ကယ္ရွေရာက္ဂါဇီယက္ဟာ PUBG ဂိမ္းကို ဟက္ကာတစ္ဦးနဲ႔အတူ ကစားခဲ့တဲ့အတြက္ ဂိမ္းကစားခြင့္ တစ္လ ပိတ္ပင္ခံခဲ့ရပါတယ္။
ဟက္ကာနဲ႔ မုိက္ကယ္ရွေရာက္ဟာ PUBG ဂိမ္းပြဲတစ္ပြဲမွာ မိုးပ်ံကားစီးၿပီး မျမင္ေတြ႕ႏိုင္တဲ့ ၿပိဳင္ဘက္ကစားသမားေတြကို ေျခရာခံခဲ့ပါတယ္။ အဲဒီဟက္ကာဟာ မုိက္ကယ္ရွေရာက္ရဲ႕ အဖြဲ႕ထဲက မဟုတ္ပါဘူး။

မိုက္ကယ္ရွေရာက္က အဲဒီကိစၥအတြက္ ေတာင္းပန္သြားခဲ့ပါတယ္။ သူ႔ရဲ႕ လုပ္ရပ္ဟာ ေကာင္းမြန္တဲ့ စိတ္ကူးမဟုတ္ဘူးလို႔ ဝန္ခံသြားခဲ့ပါတယ္။ PUBG Corp အေနနဲ႔ ဟက္ကာကုိပိတ္ပင္ဖို႔ အခ်ိန္ယူခဲ့တဲ့အေပၚကုိလည္း ေဝဖန္သြားခဲ့ပါတယ္။ “သူ႔ကုိ ခ်က္ခ်င္းဆိုသလိုပဲ ပိတ္ပင္သင့္ပါတယ္” လုိ႔ မိုက္ကယ္ရွေရွာက္ကေျပာသြားခဲ့ပါတယ္။ အဲဒီ PUBG ဂိမ္းပြဲမွာ ဟက္ကာက သူ႔ကို ႏွစ္ႀကိမ္တိုင္တိုင္ သတ္ခဲ့ပါေသးတယ္။ ရွေရာက္အေနနဲ႔ ဘယ္ေလာက္ၾကာၾကာအထိ ရွင္သန္ႏိုင္မလဲဆိုတာ သိရွိဖို႔ ဟက္ကာနဲ႔အတူ မိုးပ်ံကားစီးနင္းဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

PUBG Corp အေနနဲ႔ တစ္လပိတ္ပင္ခြင့္အေပၚ ျပန္လည္သုံးသပ္သြားမွာ မဟုတ္ပါဘူးလို႔လည္း သိရပါတယ္။

 

စိုးထက္
Ref: Engadget

[ Unicode ]

Twitch ရဲ့ နာမည်ကျော် ဂိမ်း streamer ဖြစ်သူ မိုက်ကယ်ရှရောက်ဂါဇီယက်ဟာ PUBG ဂိမ်းကို ဟက်ကာတစ်ဦးနဲ့အတူ ကစားခဲ့တဲ့အတွက် ဂိမ်းကစားခွင့် တစ်လ ပိတ်ပင်ခံခဲ့ရပါတယ်။
ဟက်ကာနဲ့ မိုက်ကယ်ရှရောက်ဟာ PUBG ဂိမ်းပွဲတစ်ပွဲမှာ မိုးပျံကားစီးပြီး မမြင်တွေ့နိုင်တဲ့ ပြိုင်ဘက်ကစားသမားတွေကို ခြေရာခံခဲ့ပါတယ်။ အဲဒီဟက်ကာဟာ မိုက်ကယ်ရှရောက်ရဲ့ အဖွဲ့ထဲက မဟုတ်ပါဘူး။

မိုက်ကယ်ရှရောက်က အဲဒီကိစ္စအတွက် တောင်းပန်သွားခဲ့ပါတယ်။ သူ့ရဲ့ လုပ်ရပ်ဟာ ကောင်းမွန်တဲ့ စိတ်ကူးမဟုတ်ဘူးလို့ ဝန်ခံသွားခဲ့ပါတယ်။ PUBG Corp အနေနဲ့ ဟက်ကာကိုပိတ်ပင်ဖို့ အချိန်ယူခဲ့တဲ့အပေါ်ကိုလည်း ဝေဖန်သွားခဲ့ပါတယ်။ “သူ့ကို ချက်ချင်းဆိုသလိုပဲ ပိတ်ပင်သင့်ပါတယ်” လို့ မိုက်ကယ်ရှရှောက်ကပြောသွားခဲ့ပါတယ်။ အဲဒီ PUBG ဂိမ်းပွဲမှာ ဟက်ကာက သူ့ကို နှစ်ကြိမ်တိုင်တိုင် သတ်ခဲ့ပါသေးတယ်။ ရှရောက်အနေနဲ့ ဘယ်လောက်ကြာကြာအထိ ရှင်သန်နိုင်မလဲဆိုတာ သိရှိဖို့ ဟက်ကာနဲ့အတူ မိုးပျံကားစီးနင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

PUBG Corp အနေနဲ့ တစ်လပိတ်ပင်ခွင့်အပေါ် ပြန်လည်သုံးသပ်သွားမှာ မဟုတ်ပါဘူးလို့လည်း သိရပါတယ်။

စိုးထက်
Ref: Engadget