သွားတုလုပ်ငန်းကျွမ်းကျင်မှု ဒီပလိုမာ သင်တန်းအတွက် သင်တန်းသားခေါ်ယူ

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-ရန်ကုန်ရဲ့ သွားတုလုပ်ငန်းကျွမ်းကျင်မှုသင်တန်းဌာနမှ ၂၀၂၀ ပညာသင်နှစ်အတွက် သွားတုလုပ်ငန်းကျွမ်းကျင်မှု ဒီပလိုမာ ((Diploma in Dental Technology) ၂ နှစ် သင်တန်းအတွက် လျှောက်လွှာခေါ်ယူနေပါတယ်။

သင်တန်းသို့ တက္ကသိုလ်တစ်ခုခုမှ သိပ္ပံဘွဲ့ရရှိသူထားသူများ တက်ရောက်နိုင်ပြီး နိုဝင်ဘာ ၄ ရက်မှာ အသက် ၃၀ ထက်မကြီးသူတွေ ဖြစ်ရမှာဖြစ်ပါတယ်။ သင်တန်းအောင်မြင်ပြီးပါက မည်သည့်ဒေသတွင်မဆို ၃ နှစ် တာဝန်ထမ်းဆောင်နိုင်သူတွေ လျှောက်ထားတက်ရောက်နိုင်ပါတယ်။

လျှောက်လွှာတွေကို သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် ရန်ကုန်သို့ နိုဝင်ဘာ ၄ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။ သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကို ဒီဇင်ဘာ ၄ ရက်မှာ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဖြေဆိုရမှာဖြစ်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ အထွေထွေဗဟုသုတ ၃ နာရီ မေးခွန်းလွှာ တစ်စုံကို ဖြေဆိုရမှာဖြစ်ပါတယ်။ လျှောက်လွှာနဲ့အတူ ဘွဲ့လက်မှတ်မိတ္တူ၊ အခြေခံပညာအထက်တန်း အောင်လက်မှတ်မိတ္တူ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာကျေးရွာ/ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်း၏ထောက်ခံချက်၊ ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၂) ပုံ (ကျောဘက်တွင်အမည်နှင့် မှတ်ပုံတင်အမှတ် ဖော်ပြရန်)၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက် သက်ဆိုင်ရာအကြီးအကဲမှ သင်တန်း တက်ရောက်ခွင့်ရရှိပါက လက်ရှိရာထူးမှ နုတ်ထွက်ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း ထောက်ခံစာမူရင်းတွေကို ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။ အသေးစိတ်ကို ဖုန်း-၀၁-၅၇၀၈၄၇ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။