သြစတြေးလျ အစိုးရ ပညာသင်ဆုများ အကြောင်းဆွေးနွေးပွဲ ပြုလုပ်မည်

MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုမှဦးစီး၍ သြစတြေးလျ အစိုးရတက္ကသိုလ် James Cook University Singapore မှ ၂၅ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်းနဲ့ ၁၀၀ ရာခိုင်နှုန်းအထိ လျှောက်ထားနိုင်မယ့် ပညာသင်ဆုများအကြောင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၁၈ ရက် ၊ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ရန်ကုန်မြို့ရှိ Sule Shangri-La Hotel (Taungngu Room) မှာလည်းကောင်း ၊ ဇန်နဝါရီ ၁၉ ရက် နေ့လယ် ၁ နာရီမှ ၃ နာရီအထိ မန္တလေးမြို့ရှိ Hilton Hotel (Jacaranda Meeting Room) မှာလည်းကောင်း ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ မတ်လကျောင်းဖွင့်ချိန်အတွက် ယခုအချိန်မှစ၍ လျှောက်ထားနိုင်မယ့်အကြောင်း နဲ့ Dr.Jagdeep Kaur Sabharwal မှ ဟောပြောမယ့် Organization Psychology ရဲ့ အခွင့်အရေးသစ်များအကြောင်းကို ဆွေးနွေးမေးမြန်းနိုင်မှာဖြစ်ပါတယ်။ Dr.Jagdeep Kaur Sabharwal ဟာ Punjabi University, India မှ Psychology ဘာသာရပ်ကို PhD Level အထိ တက်ရောက်အောင်မြင်ထားသူဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် စင်ကာပူသို့ မပြောင်းရွှေ့မီ Cooperate Trainer အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆွေးနွေးပွဲတွင် JCU Singapore ၏ MBA ကျောင်းသူဟောင်း မသဲဟေမာန်မှ သူမနိုင်ငံခြား မှာ စာသင်နေစဉ် ကာလအတွင်း ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေ၊ ပြည်တွင်းနဲ့ ပြည်ပရဲ့ MBA သင်ကြားမှုစနစ်နဲ့ ပြန်လည်ရရှိတဲ့ အကျိုးကျေးဇူး ကွာဟချက်များကို မျှဝေပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပညာသင်ဆု ပေးအပ်မယ့် ဘာသာရပ်မျာ အကြောင်း ၊ Higher National Diploma (HND) အပါအဝင် မြန်မာနိုင်ငံရှိ ပုဂ္ဂလိက သင်တန်းကျောင်းများတွင် တက်ရောက် အောင်မြင်ပြီးသူများ ၊ အစိုးရ တက္ကသိုလ်များတွင် တက် ရောက်နေဆဲ နှင့် အောင်မြင်ပြီးသူများ အတွက် ဘာသာရပ် ကင်းလွတ်ခွင့် ရရှိနိုင်မယ့် အကြောင်းများ ၊ JCU ဘွဲ့ရပြီးပါက ရရှိမယ့် အလုပ်အကိုင်နဲ့ ခံစားခွင့်များအကြောင်း ၊ JCU Singapore မှ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ ကျောင်းသား/သူများအတွက် ပေးအပ်မယ့် ဝန်ဆောင်မှုများစတဲ့ အကြောင်းအရာတွေကို JCU Singapore မှ တာဝန်ရှိသူ မစန်းသူဇာမြိုင် (Country Manager)က အသေးစိတ် ဖြေကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲတက်ရောက်လိုသူတွေအနေနဲ့ ရန်ကုန်ရုံးချုပ် ဖုန်း – ၀၉၅၁၀၃၉၁၅၊ နဲ့ မန္တလေးရုံးခွဲ ဖုန်း – ၀၉၉၇၆၀၅၈၆၂၆ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ