သြစတြေးလျအဆင့်မြင့်ပညာရေး သင်တန်းများကို အွန်လိုင်းမှ အခမဲ့လေ့လာနိုင်မည်

သြစတြေးလျအဆင့်မြင့်ပညာရေးသင်တန်းတွေကို အွန်လိုင်းမှ အခမဲ့လေ့လာနိုင်တဲ့ အခွင့်အလမ်းကို မြှင့်တင်ဖို့အတွက် သြစတြေးလျကုန်သွယ်ရေးနှင့်ရင်းနှီး မြှုပ်နှံမှုကော်မရှင် (Austrade) က “Study with Australia ” အမည်နဲ့ ကမ်ပိန်းတစ်ခု ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

စီးပွားရေး၊ ဒစ်ဂျစ်တယ်နည်းပညာ၊ STEM ပညာရေး၊ ကျန်းမာရေ၊ သင်ပြနည်း စတဲ့ ပညာရပ်ဆိုင်ရာ သင်တန်းတွေကို သြစတြေးလျတက္ကသိုလ်တွေက အွန်လိုင်းမှ သင်ကြားပို့ချပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။ သင်တန်းတွေကို ဇွန် ၃၀ ရက် နောက်ဆုံးထား စာရင်းသွင်းရမှာ ဖြစ်သလို သက်ဆိုင်ရာတက္ကသိုလ်တွေ က ပေးအပ်တဲ့ Digital Certificate ကို အခမဲ့ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းတက်ရောက်လိုသူ တွေအနေနဲ့ ဖော်ပြပါလင့်ခ်တွေမှာ https://bit.ly/3hbkYbYhttps://bit.ly/2C06Lid , https://bit.ly/37rzYxZ စုံစမ်းနိုင်မှာဖြစ်ပါတယ်။

-ဝေဝေ