သြစတြေးလျအစိုးရတက္ကသိုလ် James Cook University မှပညာသင်ဆုကို စာမေးပွဲဖြေဆိုစရာမလိုဘဲ အွန်လိုင်းမှ လျှောက်ထားနိုင်

သြစတြေးလျ အစိုးရတက္ကသိုလ် James Cook University မှ ပညာသင်ဆုကို စာမေးပွဲဖြေဆိုစရာမလိုဘဲ အွန်လိုင်းမှ လျှောက်ထားနိုင်မယ်လို့သိရပါတယ်။

James Cook University Singapore ရဲ့ ဇူလိုင်လ ကျောင်းဖွင့်ချိန်အတွက် ပညာသင်ဆုလျှောက်ထားလိုသူများ ယခင်ကလို ဝင်ခွင့်စာမေးပွဲ ဖြေဆိုစရာမလိုတော့ဘဲ မိမိရဲ့ ပညာရေး စာရွက်စာတမ်းများနှင့်တကွ ဇွန် ၈ ရက် နောက်ဆုံးထားပြီး MSI Overseas Education မှတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။

လျှောက်ထားရယူနိုင်မယ့် ပညာသင်ဆု ရာခိုင်းနုန်းကတော့ ၁၀၀ ရာခိုင်နှုန်း, ၅၀ ရာခိုင်နှုန်း နဲ့ ၂၅ ရာခိုင်နှုန်းတွေ ဖြစ်ပြီး ကျောင်းဖွင့်ရက် မတိုင်ခင် တစ်ပတ်အလိုမှာ ပညာသင်ဆု ရရှိသူများကို ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ (10) တန်း နှင့် IGCSE ပြီးဆုံး အောင်ထားသော ကျောင်းသား/သူများ ၊ HND, ABE, NCC (UK Diploma) ပြီးထားသူများ ၊ အစိုးရ နှင့် ပုဂ္ဂလိကသင်တန်းကျောင်း တက်ရောက်နေသူများ ၊ ဘွဲ့ရပြီးသူများ နဲ့ လုပ်ငန်းခွင်တွင်း ဝင်ရာက်နေသူများ လျှောက်ထားနိုင်ပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ MSI ရုံးခန်း – ၀၉၅၁၀၃၉၁၅၊ ၀၉၄၂၀၀၃၇၆၁၆ နဲ့ မန္တလေးရုံး ဖုန်း – ၀၉၉၇၆၀၅၈၆၂၆ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။