သြစတြေးလျနိုင်ငံ La Trobe University ၏ ၂၀၂၁ ကျောင်းဖွင့်ချိန်များအတွက် လျှောက်ထားနိုင်

သြစတြေးလျနိုင်ငံ La Trobe University ရဲ့ ၂၀၂၀ အောက်တိုဘာလ ကျောင်းဖွင့်ချိန် နဲ့ ၂၀၂၁ မတ်လ ကျောင်းဖွင့်ချိန်များအတွက် လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။

သြစတြေးလျနိုင်ငံ ထိပ်တန်းစာရင်းဝင် တက္ကသိုလ်တစ်ခု ဖြစ်တဲ့ La Trobe University မှာ မြန်မာအစိုးရပညာရေး ဆယ်တန်းအောင် ကျောင်းသား/သူတွေ၊ GCE ‘O’ Level ၊ IGCSE အောင်မြင်ထားသူတွေ အနေနဲ့ Foundation levelက စပြီး တက်ရောက်သင်ကြားနိုင်သလို ဆယ့်နှစ်တန်းပညာရေးပြီးထားသူတွေ အနေနဲ့Diploma ပရိုဂရမ်တွေကနေ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ကျောင်းဖွင့်ချိန်တွေမှာ Foundation (သို့) Diploma program တွေတက်ရောက်ဖို့ စီစဉ်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ မြန်မာငွေကျပ် သိန်း (၂၀) ကနေ (၄၈) သိန်း ပမာဏရှိ ပညာသင်ဆုတွေနဲ့ Melbourne မြို့ရှိ La Trobe College နဲ့ Sydney မြို့ရှိ La Trobe University Sydney Campus တွေမှာ တက်ရောက်ခွင့်ရမှာပါ။ အဆိုပါ Foundation နဲ့Diploma Program တက်ရောက်ပြီးသူတွေ အနေနဲ့ Arts, Social Science & Commerce (ASSC) & Science, Health & Engineering (SHE) မှ Business, Law, Education, IT, Health, Science & Psychologyအပြင် တခြားBachelor Programတွေကို La Trobe University မှာ ဆက်ပြီး သင်ယူနိုင်မှာဖြစ်ပြီး Academic Excellence Scholarship Award ပညာသင်ဆုတွေကို နိုင်ငံတကာက ထူးချွန်ကျောင်းသား၊ သူတွေအတွက် ချီးမြှင့်ပေးတာကြောင့် Bachelor Degree သင်ယူတဲ့အခါ စာသင်စရိတ်သက်သာခွင့်တွေကိုပါ ထပ်မံ ရရှိနိုင်မှာဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ Crown Education ဖုန်း – ၀၉၉၇၇၉၇၇၂၀၀ ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««