သြစတြေးလျနိုင်ငံ Griffith University မှ ၂၀၂၁ ပညာသင်နှစ် အတွက် ပညာသင်ဆုများပေးအပ်မည်

သြစတြေးလျနိုင်ငံ Griffith University မှ ၂၀၂၁ ပညာသင်နှစ် အတွက် ပညာသင်ဆုများပေးအပ်သွားမယ်လို့ Crown Education မှသိရပါတယ်။

တစ်နှစ်ကို ပျမ်းမျှစာသင်စရိတ်အနေနဲ့ 32,000 AUD ကျော်ခန့် ကုန်ကျမှာ ဖြစ်ပြီး ပညာရေးထူးချွန်သူတွေအတွက် စာသင်စရိတ် ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ သက်သာနိုင်မယ့် ပညာသင်ဆုတွေကို ချီးမြှင့် ပေးအပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

Griffith Remarkable Scholarship အနေနဲ့ Tuition Fees ရဲ့ ၅၀ ရာခိုင်နှုန်းကိုလည်းကောင်း၊ International Student Academic Excellence Scholarship အနေနဲ့ Tuition Fees ရဲ့ ၂၅ ရာခိုင်နှုန်း၊ International Student Academic Merit Scholarship အနေနဲ့ Tuition Fees ရဲ့ ၂၀ ရာခိုင်နှုန်းတို့ကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။

Griffith University တွင် ဆယ်တန်း (သို့) IGCSE အောင်မြင်ထားသူတွေ အတွက် Foundation (သို့) Diploma Pathway Program တွေ၊ မြန်မာနိုင်ငံ Royal Academic Institute မှ ACT Global Assessment Certificate (GAC) လက်မှတ်ရရှိထားသူများ ၊ Higher National Diploma (HND) ပြီးထားသူများ ၊ စင်ကာပူနိုင်ငံရှိ Nanyang Institute of Management (NIM) နှင့် PSB Academy မှ သက်ဆိုင်ရာ Diploma ရရှိထားသူများ အတွက် Bachelor’s Degree program တွေ၊ အသိအမှတ်ပြုဘွဲ့ တစ်ခုခု ရရှိထားတဲ့ လူငယ်များအပြင် လုပ်ငန်းအတွေ့အကြုံရှိပြီး မိမိတို့ရဲ့ ပညာရေးဝမ်းစာ ဖြည့်လိုသူများ အတွက် Masters Qualifying Program နဲ့ Master Degree Program တွေကို သင်ကြားပေးလျက်ရှိပါတယ်။

ပညာသင်ဆု လျှောက်ထားလိုသူတွေ အနေနဲ့ Crown Education ဖုန်း-၀၉၉၇၇၉၇၇၂၀၀ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««