သြစတြေးလျနိုင်ငံတွင် အဆင့်မြင့်ဘွဲ့ရချင်သူများအတွက် အွန်လိုင်းပညာရေးဆွေးနွေးပွဲ ပြုလုပ်မည်

သြစတြေးလျနိုင်ငံမှာ အဆင့်မြင့်ဘွဲ့ရချင်သူတွေအတွက် UTS College | University of Technology Sydney Virtual Info Session အွန်လိုင်းပညာရေးဆွေးနွေးပွဲကို ဇန်နဝါရီ ၁၆ ရက်၊ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ Zoom နဲ့ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ သြစတြေးလျနိုင်ငံပညာရေးနဲ့ University of Technology Sydney က Business, Communication, Design & Architecture, Engineering, Information Technology, Science အစရှိတဲ့ ဘာသာရပ်တွေကို တိုက်ရိုက်ဝင်ခွင့်ရရှိမယ့် အသေးစိတ်အကြောင်းအရာတွေကို သိခွင့်ရမှာဖြစ်ပြီး Live Chat အစီအစဉ်မှာလည်း Pandemic ကာလအတွင်း မြန်မာနိုင်ငံကနေ တက်ရောက်သင်ယူထားနိုင်တဲ့ UTS College | University of Technology Sydney ရဲ့ အွန်လိုင်းသင်ကြားမှုတွေအကြောင်း၊ ကျောင်းအပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ၊ အင်္ဂလိပ်စာလိုအပ်တဲ့ ကျောင်းသူ/သားတွေအတွက် Academic English နဲ့ ပညာသင်ဆုအခွင့်အလမ်းတွေကိုပါ မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

မြန်မာဆယ်တန်းအောင် ကျောင်းသူ/သားတွေ၊ GCE ‘O’levelကျောင်းသူ/သားတွေ၊ Secondary 3, 4 ကျောင်းသူ/သားတွေ၊ GCE ‘A’ level ကျောင်းသူ/သားတွေ၊ မြန်မာနိုင်ငံအတွင်းက British Curriculum/ American Curriculum နဲ့ သင်ယူထားတဲ့ကျောင်းသူ/သားတွေ၊ မြန်မာနိုင်ငံမှာ တက္ကသိုလ်ပထမနှစ်တက်ရောက်နေဆဲ ကျောင်းသူ/သားတွေ အထူးတက်ရောက်သင့်ပြီး တက်ရောက်လိုသူတွေ အနေနဲ့ http://bit.ly/crown_uts လင့်ခ်ကတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««