သုံးစွဲသူ ၁၀ သန်းကျော်ရှိတဲ့ Pocket ကို Mozilla ဝယ်ယူ

Firefox web browser ဖန်တီးတဲ့ Mozilla ကုမ္ပဏီဟာ သတင်းတွေနဲ့ ဗီဒီယိုတွေကို နောက်မှကြည့်ရှုဖို့အတွက် သိမ်းဆည်းနိုင်တဲ့ Pocket ဝန်ဆောင်မှုကို မဖော်ပြတဲ့ ငွေပမာဏတစ်ရပ်နဲ့ ဝယ်ယူလိုက်ပါတယ်။

Pocket အနေနဲ့ Mozilla ရဲ့ ဌာနခွဲ တစ်ခုအနေနဲ့ တည်ရှိမှာဖြစ်ပြီး ကုမ္ပဏီတည်ထောင်သူ Nate Weiner က ၂၅ ယောက်ပါတဲ့ အဖွဲ့နဲ့အတူ Pocket ကို ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အရင်က Read It Later ဆိုပြီး လူသိများခဲ့တဲ့ Pocket ဟာ သတင်းဆောင်းပါးတွေ၊ ဗီဒီယိုတွေနဲ့ အခြားအကြောင်း အရာတွေကို နောက်မှကြည့်ရှုဖို့အတွက် ဝက်ဘ် ဒါမှမဟုတ် မိုဘိုင်းထုတ်ကုန် တစ်ခုပေါ်မှာ bookmark လုပ်ထားနိုင်စေမယ့် ဝန်ဆောင်မှု ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်က တည်ထောင်ခဲ့တဲ့ Pocket ကို လစဉ်သုံးစွဲသူ ၁၀ သန်းကျော်ရှိပါတယ်။

Ref: Recode