
Instagram ဟာ သေဆုံးသူရဲ့ သုံးစွဲသူအမည်အောက်မှာ “Remembering” ဆိုတာကို ထည့်သွင်းမယ့် feature ကို အလျင်အမြန်ဆောင်ရွက်နေပါတယ်။ “ကျွန်တော်တို့အနေနဲ့ အောက်မေ့အမှတ်ရဖွယ် update တွေကို လုပ်နေတာ အချိန်တစ်ခုရှိပြီ ဖြစ်ပါတယ်။ အခုလိုခက်ခဲတဲ့ကာလအတွင်း ဒီအသိုက်အဝန်းအတွက် ကူညီထောက်ပံ့ပေးဖို့ COVID-19 နှုန်းအတိုင်း အလျင်အမြန်ဆောင်ရွက်နေပါတယ်” လို့ Instagram ပြောရေးဆိုခွင့်ရှိသူ လီဇာခရန်ရှောကပြောခဲ့ပါတယ်။
အခု feature သစ်ကို သုတေသီ ဂျိန်းမာချန်ဝေါင်က စတင်သတိပြုမိခဲ့ပါတယ်။ ဂျိန်းမာချိန်ဝေါင်ဟာ Instagram ပေါ်က mute ခလုတ်လိုမျိုး လူမှုကွန်ရက်ပေါ်က feature သစ်တွေကို ရှာဖွေတွေ့ရှိခဲ့သူဖြစ်ပါတယ်။
Instagram continues working on account memorialization
adds this sheet of “Remembering <user>”
The link in this sheet brings us to Instagram’s Help Center page on this topic: https://t.co/0Ztal3Vxh5 pic.twitter.com/3xHvmGH9MW
— Jane Manchun Wong (@wongmjane) April 21, 2020
လက်ရှိမှာ မိသားစုဝင်တွေက Instagram ပေါ်မှာ သေဆုံးသူရဲ့ account အောက်မေ့အမှတ်ရဖွယ် ပြုလုပ်ပေးဖို့ တောင်ဆိုးထားကြပါတယ်။ ဒါကြောင့် သေဆုံးသူရဲက account တွေကို ဖျက်ပစ်တာဒါမှမဟုတ် ပြောင်းလဲတာအပြင် လူတွေ login ဝင်တာကနေ တားဆီးပေးမှာ ဖြစ်ပါတယ်။ အောက်မေ့အမှတ်ရဖွယ် account တွေကို Explore စာမျက်နှာမှာ ပြသမှာ မဟုတ်ပေမယ့် သူငယ်ချင်းတွေက ဖတ်ပေးသူ မရှိပေမယ့် DM တော့ပေးပို့နိုင်မှာ ဖြစ်ပါတယ်။
အခုလုပ်ဆောင်ချက်အသစ်က account တွေမှာ “Remembering” ဆိုတဲ့ နဖူးစည်းပါဝင်လာမှာ ဖြစ်ပါတယ်။ Account ပိုင်ရှင်သေဆုံးသွားတာကြောင့် အောက်မေ့အမှတ်ရဖွယ်ပြုလုပ်တယ်ဆိုတာ အခြားသူတွေသိအောင် ဖော်ပြမှာပါ။
စိုးထက်
Ref: Buzzfeednews