သေကြောင်းကြံစည်တဲ့ ဗီဒီယိုတွေကို သတိထားဖို့ TikTok သတိပေး

TikTok သုံးစွဲသူတွေ အနေနဲ့ platform ပေါ် ပျံ့နှံ့နေတဲ့ သေကြောင်းကြံစည်တဲ့ ဗီဒီယိုတွေကို သတိထားသင့်တယ်လို့ သတိပေးလိုက်ပါတယ်။

TikTok ပေါ်မှာ သေကြောင်းကြံစည်တဲ့ ဗီဒီယိုဟာ တနင်္ဂနွေနေ့ နောက်ပိုင်းကတည်းက ပျံ့နှံ့နေတယ်လို့ ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ ဟီလာရီမက်ကွေ့ကပြောခဲ့ပါတယ်။

“ကျွန်မတို့ စနစ်တွေက ပေါ်လစီနဲ့ ဆန့်ကျင်တဲ့ သရုပ်ပြသမှု၊ ချီးမြှောက်မှု၊ ဂုဏ်တင်မှုနဲ့ သေကြောင်းကြံစည်မှုကို အားပေးတဲ့ ဗီဒီယိုတွေကို အလိုအလျောက် ခြေရာခံပြီး ခွဲခြားထားပါတယ်။ ကျွန်မတို့က clip တွေကို ထပ်တင်ဖို့ ကြိုးစားတဲ့ account တွေကို ဖယ်ရှားပါတယ်” လို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့ အပတ်က မစ္စစပီက လူတစ်ယောက်က ကိုယ်တိုင်သေကြောင်းကြံစည်မှု Facebook Live ဗီဒီယို ထုတ်လာပါတယ်။

လူတွေ ဗီဒီယိုကို ကြည့်အောင် အခြား ဗီဒီယိုအတွင်း သေကြောင်းကြံစည်မှု အပိုင်းအစကို ထည့်သွင်းပြီး troll အဖြစ် ဖန်တီးနေပါတယ်။

TikTok ပေါ်က အခြားသုံးစွဲသူက အဲဒီ ဗီဒီယို သတိထားဖို့ ပုံနဲ့တကွ သတိပေးနေကြပါတယ်။

-စိုးထက်
Ref: BuzzFeed

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««